၃၂

3.1K 374 53
                                    

ကားက​လေးက လမ်းမထက်​ တ​ရွေ့​ရွေ့ ဖြတ်​သန်း​သွား​နေ​လေသည်​။ ​ကောင်းကင်​က ကားပြတင်း​ပေါ် လက်​တင်​ကာ ​ကား​မောင်း​နေသည့်​ အရုဏ့်​ကို ​မလွတ်​တမ်း ကြည့်​​နေသည်​။ ဒီ​​နေ့ ​ဈေးချိုသွားပြီး စာအုပ်​​တွေဝယ်​ကာ ​ကျောင်းကစာသင်​ခန်း၌ စာကြည့်​တိုက်​​လေးလုပ်​မည်​ဖြစ်​သည့်​အတွက်​ ​ကောင်းကင်​က ချစ်​သူရဲ့အလိုကို ကူနိုင်​ဖို့ ​နေ့လယ်​ဈးနားရသည်​။ ပြီး​တော့ သူပါ ချစ်​သူရသူနှင့်​ ကုသိုလ်​တစ်​ဝက်​ခွဲ​ယူမယ်​လို့ ဆုံးဖြတ်​ကာ တစ်​​ယောက်​တစ်​ဝက်​စိုက်​ဝယ်​မှာပင်​။

"ငါ တစ်​သိန်း​ကျော်​လောက်​ယူလာတယ်​ ​လောက်​လား အရုဏ်​"

"​လောက်​ပါတယ်​ကွ"

အရုဏ်​က ကား​မောင်းရင်း ​ဖြေ​လေသည်​။

"​ကျောင်းမှာ စာကြည့်​တိုက်​ရှိတယ်​မလား အရုဏ်​"

"အင်း​လေ"

"က​လေး​တွေကို အဲ့သွားဖတ်​ခိုင်း​လို့မရဘူးလား"

ကောင်းကင်​က တကယ်​ သိချင်​လို​​မေးတာဖြစ်​သည်​။

"ငါ ​ကျောင်းတက်​တုန်းက စာကြည့်​တိုက်​သွားပြီး မဖတ်​ဖူးဘူး၊ ငါ့အကို​ကောပဲ၊ ငါ့အကိုက စာဖတ်​ရင်​ လိ​မ္မော်​ရည်​သောက်​တတ်​တဲ့အကျင့်​ရှိတယ်​၊ စာကြည့်​တိုက်​ကျ အစားအ​သောက်​ယူမရဘူး​လေ၊ ငါက ဘာလို့သွားမဖတ်တာလဲဆို​တော့ ငါကစာဖတ်​ရင်​ အိပ်​ဖတ်​ရင်​ဖတ်​တယ်​၊ ​မှောက်​ဖတ်​ရင်​ဖတ်​တယ်​၊ တသတ်​မှတ်​တည်းမရှိဘူးကွာ၊ ပြီး​တော့ အငြိမ်​မ​နေဘူး၊ စာအုပ်​ပျက်စီးတာ​တွေကျ ​လျော်​​ပေးရတာဆို​တော့ မ​တော်​တဆ ပျက်​သွားပြီထား ပိုက်​ဆံ မရှိတဲ့သူ​တွေအတွက်​ကျ အဆင်​မ​ပြေ​တော့ ငါ့သူငယ်​ချင်း​တွေ ​တော်​​တော်​များများက ဖတ်​ချင်​ရင်​​တောင်​ မဖတ်​ကြဘူး၊ ဒါ​ကြောင့်​ ငါ့က​လေး​တွေကိုလည်း စာအုပ်​ကိုရို​သေဖို့ ​သေချာဆုံးမထားပြီး ငါကိုယ်​တိုင်​ကလည်း စာအုပ်​​တွေမပျက်​စီး​အောင်​ အဖုံး​လေးချုပ်​ထား​ပေးမလို့"

"စိတ်​ကူး​လေး​ကောင်းသားပဲ၊ ငါ ကူချုပ်​​ပေးမယ်​"

"အားကိုးပါတယ်​ခင်​ဗျာ"

အို....ဤအချစ်​များရယ်​ ဘာ​ကြောင့်​ ဆုံဖို့ခက်​ရတယ်(Completed)Where stories live. Discover now