၃၈

3K 403 169
                                    

အရုဏ်​က အခန်းထဲမှာထိုင်​ကာ ​ကျောင်းဝင်းထဲ ​ပြေးလွှား​ဆော့ကစား​နေသည့်​ က​လေး​တွေကို ​ငေးကြည့်​ရင်း ညီမ​လေးအ​ကြောင်းကို ​တွေး​နေမိသည်​။ ညီမ​လေးက အခုရက်​ပိုင်း သူ့ကိုသာစကား​ပြောပြီး အခြားသူ​တွေကို ရှိတယ်​လို့ကိုမထင်​ကာ သူ့ဘာသာ​ နေ​နေသည်​။ ဆုံးဖြတ်​ချက်​တစ်​ခုကို ချထားပြီးသားပုံစံ​ကြောင့်​ ညီမ​လေးပုံစံက ​ပေါက်​ကွဲထွက်​​တော့မည့်​ဗုံးတစ်​ခုလို။ အ​မေကလည်း မာန်​မ​လျော့။ သမီးဖြစ်​သူစကားမ​ပြောရင်​ စ​ပြောမည့်​ဟန်​မ​တွေ့ရ​ပေ။ နှစ်​ဦးနှစ်​ဖက်​ညှိနှိုင်း​စေချင်​​သော်​ငြားလည်း အ​မေတို့ကလက်​မခံ။

"ဆရာ"

ခေါ်သံ​လေး​ကြောင့်​ အရုဏ်​က အ​တွေး​တွေကိုသိမ်းကာ ​ခေါ်သူဘက်လှည့်​ကြည့်​လိုက်​သည်​။

"အင်း မင်းသန့်​ ဆရာ့ကို​ပြောစရာရှိလို့လား၊ စာ​မေးစရာရှိလို့လား"

ဆို​တော့ မင်းသန့်က စာရွက်​ဖြူ ​လေးကို ကမ်း​ပေးရင်း......

"ဟို ဆရာဝယ်​ထားတဲ့ စာအုပ်​ထဲက​နေ ခဲပန်းချီကို ​​လေ့လာပြီးဆွဲထားတာပါ၊ ဆရာ့အတွက်​"

အရုဏ်​က မင်းသန့်​​ပေးလာသည့်​စာရွက်​ကို လှမ်းယူလိုက်​သည်​။ စာရွက်​ဖြူ ​ပေါ်မှာ တင့်​တယ်​​နေပါ​သော သူ့မျက်​နှာပုံစံ ခဲပန်းချီ။ အရုဏ်​ပြုံးမိလိုက်​သည်​။

"အရင်​ကထက်​ ပို​တော်​လာတာပဲကွ၊ ဆရာသ​ဘောကျတယ်​၊ ​ကျေးဇူးတင်​ပါတယ်​ကွာ"

"ဟုတ်​ ဆရာ၊"

မင်းသန့်​က ​ပျော်​သွားကာ ကိုယ့်​​နေရာကိုယ်​သွားထိုင်​​လေသည်​။ အရုဏ်​က ပုံစံတူခဲပန်းချီ​လေးကို ပြုံးကြည့်​​နေမိသည်​။ သူ့တပည့်​တစ်​​ယောက်​ဆီက ​အောင်​မြင်​မှုလက်​​ဆောင်​​လေးတစ်​ခု ရ​လေပြီ။ အခု​တော့ သူ့တပည့်​​တွေဟာ သူနှင့်​​ကောင်းကင်​ လှူ ထားတဲ့စာအုပ်​​လေး​တွေကို အ​ဖော်​ပြုပြီး သူတို့ရည်​မှန်းချက်​ကို ရှာ​နေ​လေသည်​။

အမရာက ဧည့်​ခန်းထဲမှာထိုင်​၍ ဖုန်းသုံး​နေ​လေသည်​။ အရုဏ်​က ခပ်​ပြုံးပြုံးမျက်​နှာဖြင့်​ အမရာ့​ဘေးမှာ ဝင်​ထိုင်​လိုက်​သည်​။ အမရာက ဖုန်းကိုပိတ်​ကာ အကိုဖြစ်​သူဘက်​သို့ လှည့်​ကြည့်​​လေသည်​။

အို....ဤအချစ်​များရယ်​ ဘာ​ကြောင့်​ ဆုံဖို့ခက်​ရတယ်(Completed)Where stories live. Discover now