၁၉

3.4K 484 75
                                    

လေဟင်​ကို အရှိန်​ဖြင့်​ဖြိုခွဲကာ ​ဆောင်​လိုရာခရီးသို့ ​မောင်းနှင်​မိသည်​။ ​နေရိပ်​တစ်​စွန်းတစ်​စကျ​နေသည့်​ စစ်​ကိုင်း-မန္တ​လေးကားလမ်းထက်​ ဆိုင်​ကယ်​​လေးက အရှိန်​မြန်​မြန်​ ​ပြေး၍​နေ​လေသည်​။ ​​ဆောင်းရာသီဖြစ်​၍ သစ်​ပင်​အုပ်​တို့ထူထပ်​​နေသည့်​ လမ်းမကြီးက ​အေးလှသည်​။

"ချမ်းတယ်​​နော်​ ​ကောင်းကင်​"

နောက်​မှာထိုင်​​နေသည့်​ အရုဏ်​က ထိုအချမ်းကိုအခွင့်​​ကောင်းရှာလို့ ​ကောင်းကင်​ခါးကို ပို၍တင်း​နေ​အောင်​ ဖက်​ထားလိုက်​သည်​။ ​ကောင်းကင်​က ဆိုင်​ကယ်​လက်​ကိုင်​တစ်​ဖက်​ကို လွှတ်​၍ အရုဏ့်​လက်​က​လေး​တွေအား သူ့အ​နွေးအင်္ကျီ​အောက်​ ထည့်​လိုက်​သည်​။ အရုဏ်​ကပြုံးသွားကာ ​ကောင်းကင်​အား ပိုတိုးလို့ဖက်​​၍ ​ကျောပပင်​​ပေါ် ပါးအပ်​လိုက်​သည်​။ ချစ်​ရတဲ့သူရဲ့အ​နွေးဓာတ်​က သူ့တစ်​ကိုယ်​လုံးကို လွှမ်းခြုံထားသည်​​။ နေ့ရက်​တိုင်းမှာ ဒီလိုမျိုး​လေး ဖက်​ခွင့်​ရတယ်​ဆိုလို့ သူခံသာပါသည်​။ ဆက်​၍​မောင်းနှင်​ခဲ့လျှင်​​တော့ ခမ်းနားထည်​ဝါလှပါ​သော ဧရာဝတီထက်က ​စစ်​ကိုင်းတံတားကြီးကို ​တွေ့​လေပြီ။

"​ကောင်းကင်​ တံတား​အစမှာ ခဏရပ်​​ပေး"

"ဟင်​ ​ကျောင်း​နောက်​ကျမှာ​ပေါ့"

ပြန်​​မေးခွန်းထုတ်​ရသလားလို့ ​ကောင်းကင်​ရင်​ဘက်​ကို ဖက်​ခနဲရိုက်​လိုက်​​သည်​။

"ပြန်​မ​မေးနဲ့ ရပ်​​ပေးပါဆို ရပ်​​ပေးမယ်​မရှိဘူး"

"​အေးပါကွာ မင်းကလည်းစိတ်​ပဲ"

ကောင်းကင်​က တံတားအစမှာ ရပ်​​ပေးပါသည်​။ အရုဏ်​က ဆိုင်​ကယ်​​ပေါ်ကဆင်း၍ လူသွားသာတဲ့ တံတားကျဉ်း​လေးဘက်​သို့ ​လျှောက်​သွားလိုက်​သည်​။ ​ကောင်းကင်​ကလည်း ​အရုဏ့်​​နောက်​ ​ပြေးလိုက်​ကာ အရုဏ့်​လက်​ဖဝါး​လေးအား ဆုပ်​ကိုင်​လိုက်​သည်​။

"ပြုတ်​ကျမှာမို့"

"တမင်​ခုန်​ချမှ ကျမှာပါကွ"

အို....ဤအချစ်​များရယ်​ ဘာ​ကြောင့်​ ဆုံဖို့ခက်​ရတယ်(Completed)Where stories live. Discover now