ဇာတ်​သိမ်းပိုင်း

12.4K 706 80
                                    

ကုန်​လွန်​ခဲ့​သော​နေ့ရက်​များကို ​ပျော်​ရွှင်​ခြင်း၊​ဖေးမခြင်း၊ချစ်​ခြင်းများဖြင့်​ ​အောင်​မြင်​စွာ ဖြတ်​​ကျော်​လာနိုင်​ခဲ့ပါသည်​။ ထိုကုန်​လွန်​ခဲ့​သော​နေ့ရက်​များ၌ အရုဏ်​က ​ကောင်းကင်​နှင့်​အတူ ​ပျော်​​ပျော်​ရွှင်​ရွှင်​​နေခဲ့ကာ တပည့်​​တွေအ​ပေါ် လမ်းပြကြယ်​​လေးတစ်​ပွင့်​ဖြစ်​ခဲ့သည်​။ အချိန်​​တွေကုန်​လွန်​လာသည်​မှာ အရုဏ်​ပင်​ ဘွဲ့ယူ​ရ​ပေ​တော့မည်​။

အရုဏ်​က ခုတင်​​ပေါ်မှာထိုင်​ကာ သူ့နှုတ်​ခမ်းထက်​ အပြုံးတစ်​ပွင့်​ပန်​ဆင်​ရင်း ဘွဲ့ဝတ်​စုံ​အား ကြည့်​​နေမိသည်​။ မနက်​ဖြန်​ သူဘွဲ့ယူရ​တော့မည်​။ ဘွဲ့သဘင်​သို့ သူနှင့်​​ကောင်းကင်​သာ သွား​ရောက်​​ပေမည်​။ ညီမ​လေးက ပြန်​လာခဲ့​ပေးမယ်​လို့ဆို​သော်​ငြားလည်း သူက မလာခိုင်းဘဲ ရန်​ကုန်​မှာသာ အလုပ်​ကို​ဖြောင့်​​ဖြောင့်​လုပ်​ဖို့ မှာထားသည်​။ သူ့​ကြောင့်​အလုပ်​မဖင့်​​စေချင်​လို့ဖြစ်​သည်​။

ဘွဲ့ဝတ်​စုံ​လေးကိုကြည့်​​နေရင်းမှ သူသာ ယခုတိုင်​ အ​ဖေ့အိမ်​မှာရှိ​နေပါလျှင်​ အ​ဖေနှင့်​အ​မေ သူ့အတွက်​ဂုဏ်​ယူ​နေမလား။ ဟင့်​အင်း အဲ့လိုမဖြစ်​နိုင်​ပါ။ အ​ဖေက သူ့ရဲ့ဘွဲ့သဘင်​သို့ လိုက်​မှာမဟုတ်​​ပေ။ စဉ်းစားမိ​တော့လည်း စိတ်​မခိုင်​​​လေ​တော့ မျက်​ရည်​ကျရပြန်​သည်​။

"အရုဏ်​ ငါ ကားငှါး...ဟင်​....ငို​နေတာလား"

အရုဏ်​က ပါး​ပေါ်ကမျက်​ရည်​​တွေကို အမြန်​သုတ်​လိုက်​ပေမယ့်​ ​ကောင်းကင်​မမြင်​​အောင်​ မလုပ်​နိုင်​ခဲ့ပါ။ ​ကောင်းကင်​က သက်​ပြင်းချကာ ခုတင်​​ပေါ်ထိုင်​​နေသည့်​ အရုဏ့်​​ရှေ့သွား၍ မျက်​နှာ​လေးကို ​ပွေ့ယူလိုက်​သည်​။

"မိဘ​တွေသာရှိရင်​​ကောင်းမယ်​ဆိုပြီး ​တွေးမိ​နေတယ်​မလား"

အရုဏ်​က ​ခေါင်းညိတ်​ပြလာသည်​။

"သွား​ခေါ်ချင်​လား ငါပါလိုက်​ခဲ့​ပေးမယ်​"

အရုဏ်​က ​ခေါင်းခါယမ်းကာ...

"​တော်​ပြီ အ​ဖေနဲ့အ​မေ စိတ်​ဆင်းရဲလိမ့်​မယ်​"

အို....ဤအချစ်​များရယ်​ ဘာ​ကြောင့်​ ဆုံဖို့ခက်​ရတယ်(Completed)Where stories live. Discover now