၃၆

2.3K 289 5
                                    

အချိန်​ပုံမှန်​လည်​ပတ်​မှုနှုန်းသည်​ စာ​မေးပွဲ​ဖြေမည့်​ရက်​သို့ ​ရောက်​​ရှိလေပြီ။ စာ​မေးပွဲရက်​အစသည်​ အရုဏ့်​အတွက်​​ သူ့သင်​ကြားပုံမှန်​ကန်​ခြင်း၊ မမှန်​ကန်​ခြင်းကိုသိဖို့ အစပျိုးသည့်​ရက်​ဖြစ်​၏။

စာ​မေးပွဲရဲ့ပထမဆုံးဘာသာရပ်​ဖြစ်​​သော မြန်​မာစာ၌ တပည့်​​တွေအားလုံး ​ဖြေနိုင်​ပါသည်​။ ထို​နေ့အချိန်​ပိုမှာ​တော့ အရုဏ်​က တပည့်​​တွေ​မေးလာတဲ့ အင်္ဂလိပ်​စာသဒ္ဒါ​တွေကို ပြန်​ရှင်းပြသည်​။ ​မေးခွန်းကို​လည်း သေချာဖတ်​ဖို့မှာပြီး၊ မှားတတ်​တဲ့​နေရာ​တွေသတိထားဖို့ ​​သေချာရှင်းပြရသည်​။ က​လေး​တွေ​တော့မသိ သူက​တော့တကယ်​ကို ရင်​တုန်​​နေပါသည်​။ ကိုယ့်​ဘာသာရပ်မလား။

အရုဏ်​က ခြံထဲကထွက်​ခဲ့ကာ ​ကောင်းကင်​ရဲ့ဆိုင်​ကယ်​နားမှာရပ်​၍ အထုတ်​အပိုး​တွေကို​ကောင်းကင်​ဆီ​ပေးပြီး ဆိုင်​ကယ်​ဦးထုပ်​​ဆောင်းလိုက်​သည်​။

"ဒီ​နေ့ အင်္ဂလိပ်​စာ​ဖြေမှာဆို​တော့ တပည့်​​တွေအတွက်​ စိုးရိမ်​​နေလား"

ကောင်းကင်​က အရုဏ့်​နှာ​ခေါင်းထိပ်​​လေးကိုထိရင်း ​မေးလိုက်​သည်​။

"နည်းနည်းပါ"

အ​ဖြေ​ပေးပြီး​နောက်​ ​ဆိုင်​ကယ်​​နောက်​မှာဝင်​ထိုင်​ကာ ​ကောင်းကင်​ခါးကိုဖက်​လိုက်​သည်​။ ​ကောင်းကင်​က ဆိုင်​ကယ်​စက်​နှိုးကာ ​ဖြည်းဖြည်းချင်းမောင်းထွက်​သွားပြီး​နောက်​ သူ့ဗိုက်​​ပေါ်က​ အရုဏ့်​လက်​က​လေးကို ဆုပ်​ကိုင်​အား​ပေးမိသည်​။

"​သေချာ​မောင်း အန္တရာယ်​ဖြစ်​မယ်​​လေ"

အရုဏ်​က ​ကောင်းကင်​ဂုတ်​ကို တစ်​ချက်​နမ်းရင်း​ပြော​တော့ ​ကောင်းကင်​က​ကျေနပ်​သွားကာ အရုဏ့်​လက်​က​လေးကိုလွှတ်​၍ လက်​ကိုင်​ကိုပြန်​ကိုင်​၏​။ အရုဏ်​က စိတ်​ပူပန်​မှုအလုံးစုံကို ကောင်းကင်​ခါးကိုဖက်​ထားရင်း ​ဖြေ​လျော့​နေရသည်​။ ​လေညှင်း​လေးကသယ်​လာ​ပေး​သော ​ကောင်းကင်​ရဲ့ကိုယ်​သင်းရနံ့​လေးကိုရှူ ရှိုက်​ရင်း ​နေ့သစ်​အတွက်​အား​မွေးရ​တော့သည်​။

အို....ဤအချစ်​များရယ်​ ဘာ​ကြောင့်​ ဆုံဖို့ခက်​ရတယ်(Completed)Where stories live. Discover now