၂၉

2.9K 377 29
                                    

ကောင်းကင်​နှင့်​အရုဏ်​က မဟာမြတ်​မုနိဘုရားကြီး၏
အ​ရှေ့ဘက်​​မုခ်​​စောင်းတန်းအတိုင်း လက်​ချင်းတွဲ၍ ဝင်​လာခဲ့ကြသည်​။ အမြဲစည်​ကား​နေတတ်​​သော မဟာမုနိမြတ်​စွာဘုရားသည်​ ယခုအချိန်​၌တွင်​လည်း စည်​ကားမြဲဖြစ်​သည်​။ မြတ်​စွာဘုရား​ရှေ့​တော်​​မှောက်​သို့ သွားရာလမ်း၌ လူတိုးတိုးမကြိတ်​​သော်​ငြား တစ်​​ယောက်​နဲ့တစ်​​ယောက်​ မတိုက်​​အောင်​ ​​ရှောင်​ရတဲ့အထိ​တော့ စည်​ကားလှသည်​။ ​လူသံစကားသံအုပ်​အုပ်နှင့်​ ​ဈေးဆိုင်​များမှ ​ဈေးသည်​များ၏ 'အမှတ်​တရလက်​​ဆောင် ဝယ်​ဦးမလား'​မေးသည့်​အသံက ပူးယှက်​ကာ နားထဲသို့​ပျော်​ရွှင်​စွာ ကခုန်​ဝင်​လာ​​လေ၏။

အရုဏ်​က နှုတ်​ခမ်းထက်​ အပြုံးတစ်​ပွင့်​ပန်​ဆင်​၍ ​ကောင်းကင်​လက်​ဖဝါးကို ဆုပ်​ကိုင်​ကာ ​လျှောက်​ခဲ့သည်​။ သူတို့နှစ်​ယောက်​က ရှပ်​အင်္ကျီစင်​တူအဖြူ နှင့်​ပုဆိုးအနက်​စင်​တူကို ဝတ်​ထား​ပေမယ့်​ မမြင်​သာ​အောင်​ အ​ပေါ်အင်္ကျီလက်​ရှည်​ ထပ်​ဝတ်​ထားရသည်​။ ထို့ပြင်​ အသဲတစ်​ခြမ်းဆွဲသီးပါ​သော စင်​တူဆွဲကြိုးနှင့်​ စင်​တူလက်​စွပ်​​လေးနှစ်​ကွင်းက ယ​နေ့တိုင်​ သူတို့လည်​တိုင်​နှင့်​ဘယ်​ဘက်​လက်​သူကြွယ်​၌ မ​ပျောက်​မပျက်​ လှပထည်​ဝါစွာ တည်​ရှိ​နေသည်​။

မကြာခင်​ ပြုံး​တော်​မူ​နေပါ​သော သီရိကျက်​သ​ရေပြည့်​စုံ​တော်​မူ​သော သဗ္ဗညုတဘုရားရှင်​ကိုယ်​​တော်​မြတ်​​ရှေ့သို့ ​ရောက်​​လေပြီ။ ထိုအချိန်​​တော့ ​ကောင်းကင်​က ဆုပ်​ကိုင်​ထားသည့်​ အရုဏ့်​လက်​က​လေးကို လွှတ်​​ပေးကာ ​မြတ်​စွာဘုရား​ရှေ့​မှောက်​ ​ဆောင့်​​ကြောင့်​ထိုင်​ ရှိခိုးဦးချကန်​​တော့သည်​။ အရုဏ်​ကလည်း ​ကောင်းကင်​​ဘေး၌ထိုင်​ကာ ဦးချရ​လေသည်​။

ရှိခိုးပြီး​နောက်​ နှစ်​​ယောက်​သားလက်​ချင်းတွဲ၍ ​ရွှေဆိုင်းသွားဝယ်​ရသည်​။ ​ပေးလာမည့်​​ရွှေဆိုင်းကို ​စောင့်​​နေရင်းမှ ​ကောင်းကင်​က ဆုပ်​ကိုင်​ထားပါ​သော အရုဏ့်​လက်​ဖမိုး​လေးကို လက်​မက​လေးဖြင့်​ ပွတ်​သပ်​​နေသည်​။ ​ရွှေဆိုင်းရ​တော့ ​ကောင်းကင်​က ယူလိုက်​ပြီး ပိုက်​ဆံရှင်းဖို့ပြင်​​​ပေမယ့်​ အရုဏ်​က အရင်​ရှင်းလိုက်​သဖြင့်​ အခွင့်​မသာ​တော့။ ထို့​နောက်​ မဟာမုနိမြတ်​စွာဘုရားအား ​ရွှေဆိုင်းကပ်​ရ​ပါ​တော့သည်​။

အို....ဤအချစ်​များရယ်​ ဘာ​ကြောင့်​ ဆုံဖို့ခက်​ရတယ်(Completed)Where stories live. Discover now