၂၈

3.2K 400 61
                                    

စင်​တူအင်္ကျီထုပ်​​လေးနှင့်​ ​ကောင်းကင်​အတွက်​ ရည်​ရွယ်​ကာ ဝယ်​ခဲ့သည့်​ အဝတ်​ထုပ်​​လေးအား ရင်​၌တမြတ်​တနိုးပိုက်​၍ ​ကောင်းကင်​ဆီသို့ သွား​နေမိသည်​။ သွား​နေရင်းမှ စင်​တူအင်္ကျီ​လေးမြင်​ရင်​ ဖြစ်​ပျက်​သွားမည့်​ ​ကောင်းကင်​ရဲ့မျက်​နှာ​လေးကို ​တွေးဆမိရင်း ပြုံးရ​သေးသည်​။ ဘယ်​​လောက်​ထိများ ​ပျော်​သွားလိမ့်​မလဲဆိုတာ ​တွေးကြည့်​ရုံနဲ့ ကြည်​နူးရသည်​။ ​ကောင်းကင်​က သူ့အား စိတ်​ကူးထဲ​တွေးမိရုံနှင့်​ ပြုံး​အောင်​ ပြုနိုင်​လွန်းပါသည်​။

အရုဏ်​က မန်​ကျည်းပင်​​အောက်​၌ ထိုင်​​နေပါ​သော ​ကောင်းကင်​​ဘေး၌ ဝင်​ထိုင်​လိုက်​သည်​။ ​ကောင်းကင်​က အရုဏ့်​ဘက်​လှည့်​ကာ အရုဏ့်​ပါးကို တစ်​ချက်​ စွက်​ခနဲနမ်း​တော့ အရုဏ်​ကလည်းပြန်​နမ်းလိုက်​မိသည်​။

"​ကောင်းကင်​"

"ဟင်​"

"ဒီမှာ ငါတစ်​ခုဝယ်​လာတယ်​"

အရုဏ်​က ​ကောင်းကင်​​ပေါင်​​ပေါ် စင်​တူဝတ်​စုံထည့်​ထားသည့်​ ကြွပ်​ကြွပ်​အိတ်​ထုတ်​​အား ရင်​ခုန်​စွာ တင်​ပေးလိုက်​သည်​။ ​ကောင်းကင်​မည်​သို့တုံ့ပြန်​လာမည်​လဲမသိ။ ​ကောင်းကင်​က သူ့လက်​ကို လက်​သုတ်​ပဝါဖြင့်​ သုတ်​လိုက်​ပြီးမှ ကြွပ်​ကြွပ်​အိတ်​ထဲကအရာအား ထုတ်​ကြည့်​လိုက်​သည်​။ စင်​တူအင်္ကျီ​လေးနှစ်​ထည်​အား ​ကောင်းကင်​က ​ကြောင်​ကြည့်​​နေသည်​။ ပုံစံတစ်​မျိုးထဲကို ဘာလို့နှစ်​ထည်​ဝယ်​ခဲ့တာပါလိမ့်​။ ပုံစံကွဲ​လေးဝယ်​ခဲ့မယ်​မရှိဘူး အရုဏ်​က​တော့။

ကောင်းကင်​က အရုဏ့်​ကိုကြည့်​ကာ....

"အရုဏ်​ရာ ပုံစံတူကြီးဝယ်​ခဲ့တာလား၊ ပုံစံကွဲနှစ်​မျိုး​လေးကမှ အဆင်​​ပြေ​သေးတာကို"

အရုဏ်​က စိတ်​တိုတိုနှင့်​ ​ကောင်းကင်​​နောက်​စိကို ဖက်​ခနဲရိုက်​ထည့်​လိုက်​သည်​။ တုံးလိုက်​တာ။ ​လာတုန်းက ​တွေးလာသည့်​အ​တွေး​လေး​တောင်​ ကြက်​​ပျောက်​ငှက်​ပျောက်​။ သူက​တော့ ​ကောင်းကင်​​ပျော်​သွားမယ်​ထင်​​နေတာ။ အခု​တော့ ​ကောင်းကင်​ငတုံးမှန်း သိသွားရသည်​။ စင်​တူဆိုမှ​တော့ နှစ်​​ယောက်​ဝတ်​ဖို့​ပေါ့အရူးရလို့ သူ့မှာ​အော်​​ပြောလိုက်​ချင်​သည်​။

အို....ဤအချစ်​များရယ်​ ဘာ​ကြောင့်​ ဆုံဖို့ခက်​ရတယ်(Completed)Where stories live. Discover now