၂၇

3K 391 29
                                    

မန္တ​လေး​ရောက်​တာနှင့်​ ​ပထမဆုံး ညီမဖြစ်​သူရဲ့ သင်​တန်းကိစ္စအဝဝကို လိုက်​အပ်​​ပေးရသည်​။ ပထမဆုံး ဂျပန်​ဘာသာစကားနှင့်​တရုတ်​ဘာသာစကားသင်​တန်းသို့ အရင်​သွားကာ level 2ထိ ကြိုအပ်​သည်​။ ပြီးရင်​​ ဘေးတိုက်​သို့သွား၍ နှစ်​ထပ်​​မြောက်​က 'The model'ဆိုတဲ့သင်​တန်းသို့ တက်​သွားရပါသည်​။

'The model'သင်​တန်းသို့ သွား​နေတဲ့အချိန်​​တော့ ညီမ​လေးက အတက်​ကြွဆုံးဖြစ်​​နေသည်​။ ထဘီနှင့်​ရင်​ဖုံးပန်း​ရောင်​​လေးဝတ်​ထားကာ ​တစ်​ပတ်​ရစ်​ဆံထုံး​လေးနှင့်​ ပခုံး​ပေါ်ဆံပင်​​လေးချကာ နှင်းဆီပန်းနီ​လေး ပန်​ထားတဲ့ ညီမ​လေးပုံစံက ဂန္တဝင်​ဆန်​သည်​။မြန်​မာဆန်​ဆန်​ဖြင့်​ ​ခေတ်​မှီ​သောသင်​တန်းသို့သွားရခြင်းကို ညီမ​လေးက မကြိုက်​ဟန်​ဖြစ်​​မ​နေ။ ဝတ်​ထားတဲ့ ပန်း​ရောင်​မြန်​မာဝမ်းဆတ်​နှင့်​လိုက်​တဲ့ မျက်​နှာထားနုနုကို ညီမ​လေးက ပိုင်​ပိုင်​နိုင်​နိုင်​လုပ်​ထားသည်​။

"ငါ့ညီမက မရှိန်​ဘူးပဲ"

"ကိုယ့်​ကိုယ်​ကိုယ်​ ယုံကြည်​မှုက အ​ရေးကြီးဆုံးပဲ​လေ ကိုကို"

ညီမ​လေးက ​မော့ကာပြုံးရင်း ​ပြောလာသည်​။

"ဒါ​ပေါ့ ငါ့ညီမရ၊ ​ပန်းတိုင်​ကို​ရောက်​ရမယ်​ဆိုတဲ့ ယုံကြည်​မှုနဲ့ ကြိုးစားခြင်းက ​အောင်​မြင်​ခြင်းပဲ"

"ဟုတ်​ ကိုကို"

နှစ်​​ထပ်​​ရောက်​​တော့ ​ရှေ့တည့်​တည့်​က တံခါး​ဘောင်​ထိပ်​၌ 'The model'ဆိုသည့်​ စာတန်း​ကပ်​ထားသည့်​ အခန်းကို ​တွေ့ရ​လေပြီ။ နှစ်​​ယောက်​သား ထိုတံခါးဆီသို့သွားကာ အရုဏ်​က တံခါးကို​ခေါက်​လိုက်​သည်​။ ထိုအခါ ​ယောကျာ်းတစ်​​ယောက်​က တံခါးဖွင့်​​ပေး​လေသဖြင့်​ နှစ်​​ယောက်​သား ဝင်​ခဲ့ကြသည်​။

"ဘာများအလိုရှိပါသလဲ"

"သင်​တန်းအပ်​ချင်​လို့ပါ"

"ဟုတ်​ကဲ့ လိုက်​ခဲ့ပါ"

အမရာက သူဝင်​လာချင်း သူ့ကိုထူးဆန်းသလိုကြည့်​​နေကြသည့်​ ​မိန်းက​လေး​တွေအား ပြုံးကာကြည့်​​နေမိသည်​။ အခန်းပုံစံကို အကဲဖြတ်​ကြည့်​​တော့ အခန်းထဲဝင်​ဝင်​ချင်း ​လေ့ကျင့်​​နေကျတဲ့လူ​တွေနှင့်​ အခန်းရဲ့ဘယ်​ဘက်​မှာ ခန္ဓာကိုယ်​ထိန်းသိမ်း​ရေး အားကစားပစ္စည်းမျိုးစုံရှိသည်​။ အဲ့ဘက်​မှာပဲ တံခါးနှစ်​ခုထပ်​ရှိကာ female maleဆိုသည့်​ စာတန်း​ရေးထားသည်​။ ကြည့်​ရတာ သန့်​စင်​ခန်းနှင့်​ အဝတ်​လဲခန်းထင်​သည်​။ အခန်းရဲ့ညာဘက်​မှာ​တော့ အခန်းတစ်​ခန်း။ တံခါးဖွင့်​​ပေးသည့်​ ​ယောကျာ်း​လေးက သူတို့​မောင်​နှမနှစ်​​ယောက်​အား ထိုအခန်းသို့ဦးတည်​​ခေါ်သွားသဖြင့်​ သူက မြန်​မာဝတ်​စုံဝတ်​ထား​ပေမယ့်​လည်း ရှိန်​​ကြောက်​ခြင်းမရှိဘဲ ​အေး​အေး​ဆေး​ဆေးပင်​ ​နောက်​က​နေလိုက်​သွားလိုက်​သည်​။

အို....ဤအချစ်​များရယ်​ ဘာ​ကြောင့်​ ဆုံဖို့ခက်​ရတယ်(Completed)Where stories live. Discover now