၄၂

3.5K 379 64
                                    

အ​ဖေတို့မရှိ၍ အရုဏ်​က အလွယ်​တကူပင်​ ခြံပြင်​ထွက်​နိုင်​ခဲ့သည်​။ သူကိုယ်​တိုင်​ စင်​တူဝတ်​စုံအဖြစ်​ဝယ်​​ပေးထား​သော အဖြူ ​ရောင်​အင်္ကျီကိုမှ ဘယ်​ဘက်​ရင်​အုံ၌ အသဲပုံ​လေးပါသည့်​ ရှပ်​အင်္ကျီကိုဝတ်​ဆင်​ကာ ​လေးလံထိုင်းမှိုင်း​နေ​သောစိတ်​ဖြင့်​ ခြံ​ရှေ့သို့ထွက်​ခဲ့ပါသည်​။ ခြံ​​ရှေ့​ရောက်​​တော့ ဆိုင်​ကယ်​​ပေါ်ထိုင်​​စောင့်​​​နေသည့်​ ​ကောင်းကင်​​အား ပြုံးပြလို​က်​မိသည်​။ သူတို့​တွေ မ​တွေ့ခဲ့တာအ​တော်​ကြာ​နေ​လေပြီ။

အရုဏ်​က ဆိုင်​ကယ်​​နောက်​မှာထိုင်​လိုက်​ကာ ​ကောင်းကင်​ခါးကို ဖက်​ထားလိုက်​သည်​။ ​ကောင်းကင်​က သွားဖို့ဦးတည်​ရာမရှိ​သေး​ပေမယ့်​ ဆိုင်​ကယ်​စက်​နှိုးလိုက်​ကာ ​ရှေ့တည့်​တည့်​သို့ပဲ ​မောင်းလိုက်​သည်​။

"ဘယ်​သွားမလဲ အရုဏ်​"

ကောင်းကင်​က ​မေးလိုက်​သည်​။

"ဟိုး​ရှေ့က ဆိုင်​မှာရပ်​​ပေး"

အရုဏ်​က ​ရှေ့တည့်​တည့်​က မိန်းက​လေးအသုံးအ​​ဆောင်​ဆိုင်​ကို လက်​ညိုးထိုးပြသည်​။ ​ကောင်းကင်​က ​ခေါင်းတစ်​ချက်​ညိတ်​ပြကာ ထိုဆိုင်​​ရှေ့၌ ရပ်​လိုက်​သည်​။ ဆိုင်​ကယ်​ရပ်​ပြီးချင်း အရုဏ်​က ဆိုင်​ကယ်​​ပေါ်ကဆင်းကာ အင်္ကျီဆိုင်​ထဲဝင်သွားသည်​။ ​ကောင်းကင်​ကလည်း ဇတ်​​သော့​သေချာခတ်​ကာ ​အရုဏ့်​နောက်​သို့​ လိုက်​သွားပါ၏။

"ဘာများအလိုရှိပါသလဲရှင်​"

ဆိုင်​ထဲ​ရောက်​​ရောက်​ချင်း ဝန်​ထမ်းမ​လေးက​မေးလာသည်​။

"ဆံပင်​တုနဲ့ပတ်​ထဘီပါ"

"ဟုတ်​ကဲ့ ရှိပါတယ်​"

"ဘယ်​ဒီဇိုင်းပဲဖြစ်​ဖြစ်​ ​ပေးပါ"

ဝန်​ထမ်းမ​လေးက ​ခေါင်းညိတ်​ကာ ပစ္စည်းသွားယူ​လေသည်​။ အရုဏ်​က သူ့​ဘေးမှာရှိသည့်​​ကောင်းကင်​ကို ​မော့ကြည့်​လိုက်​မိသည်။ ​ကောင်းကင်​က သူ့ဘက်​လှည့်​ကြည့်​ပြီးပြုံးပြကာ သူ့​ခေါင်း​လေးကို လက်​ဖဝါး​လေးနဲ့အုပ်​ကိုင်​လာ​တော့ ရက်​ပိုင်းမျှ မထိ​တွေ့ခဲ့ရသည့်​ အထိအ​တွေ့​လေးကို မျက်​လုံးမှိတ်​ခံစားမိသည်။
ထိုအ​ထိအ​တွေ့​လေးက ​နွေး​ထွေးလွန်းလှပါသည်​။

အို....ဤအချစ်​များရယ်​ ဘာ​ကြောင့်​ ဆုံဖို့ခက်​ရတယ်(Completed)Where stories live. Discover now