4.6K 591 81
                                    

ထမင်းစားဆင်း​ချိန်​၌ အရုဏ်​က စာ​ရေးစားပွဲ​ပေါ် လက်​သုတ်​ပဝါခင်းကာ ​ထမင်းချိုင့်​ဖြုတ်​၍ ကောင်းကင်​အလာကို ​စောင့်​​နေလိုက်​သည်​။ ​ကောင်းကင်​က သူနှင့်​အတူ ထမင်းစားမှာမို့ဖြစ်​သည်​။ ​သူ့မှာ ယခု​တော့ ကစား​ပေးမည့်​အ​ဖော်​​ကော၊ ထမင်းအတူစား​ပေးမည့်​အ​ဖော်​​ကော ရှိ​လေပြီ။ ထိုအ​ဖော်​က​တော့ ​ကောင်းကင်​တစ်​​ယောက်​တည်းသာ။

"အရုဏ်​"

ကောင်းကင်​က အသံ​ပေး၍ အခန်းထဲဝင်​လာသည်​။

"​ကောင်းကင်​ လာ လာ"

အရုဏ်က လက်​ယက်​​ခေါ်ကာ ​ဘေးသို့​ရွေ့​ပေးလိုက်​သည်​။ ​​ကောင်းကင်​က အရုဏ့်​​ဘေးဝင်​ထိုင်​၍ သူ့ချိုင့်​ကိုဖြုတ်​ကာ အုန်း​ပေါင်းပါသည့်​ချိုင့်​ကို အရုဏ့်​ဘက်​ တိုး​ပေးလိုက်​သည်​။ အရုဏ်က ပြုံးကာ ချိုင့်​ကိုလက်​နှစ်​ဖက်​ဖြင့်​ယူလိုက်​သည်​။

"​ကျေးဇူးတင်​ပါတယ်​ ဟီး၊ မင်းက ငါ့ဟင်းစား"

"မင်းပဲစားပါ"

"ရတယ်​ ငါကအုန်းထမင်းပဲစားမှာ ၊ မင်းက ဟင်းကုန်​​အောင်​စား​ပေး"

"တူတူစားပါ့မယ်​ကွာ"

ကောင်းကင်​က သူပါလာတဲ့ချဉ်​​ပေါင်​​ကြော်​နဲ့ ထမင်းတစ်​လုတ်​သွတ်​သည်​။ အရုဏ်​က ​ကောင်းကင်ရဲ့ချိုင့်​ထဲက အုန်းသီးဖက်​များများပုံထားသည့်​ အုန်း​ပေါင်း​ကို သူ့ထမင်းဖြူ ချိုင့်​ထဲထည့်​ကာ ​ရော​မွှေလိုက်​ပြီးမှ တစ်​ဇွန်းစား​လေသည်​။

"​ကောင်းလိုက်​တာ အုန်းထမင်းက"

"မင်းအခုစား​နေတာ အုန်းထမင်းမှမဟုတ်​တာ"

ကောင်းကင်​က ထမင်းဝါး​နေရင်း​ပြောလိုက်​သည်​။

"အုန်းထမင်းကိုငါသိပါတယ်​၊ အခုက အုန်း​ပေါင်းနဲ့ထမင်း​ရောလို့ အုန်းထမင်းလို့​ခေါ်လိုက်​တာ"

"ဪ"

"စားမလား"

အရုဏ်​က တစ်​ဇွန်းခွန့်​လိုက်​သည်​။ ​ကောင်းကင်​က ​ခေါင်းခါယမ်းပြ​လေသည်​။

အို....ဤအချစ်​များရယ်​ ဘာ​ကြောင့်​ ဆုံဖို့ခက်​ရတယ်(Completed)Where stories live. Discover now