၁၀

4.4K 546 46
                                    

ညောင်​ပင်​အောက်​၌ အ​မေက ဝယ်​စရာပစ္စည်းအစုံကို စာရွက်​တစ်​ရွက်​​ပေါ်၌ ချ​ရေး​နေ​လေသည်​။ ဝါ​ခေါင်​​လပြည့်​​ကျော်​၌ ကျင်းပ​သော ရတနာ့ဂူဘုရားပွဲတွင်​ အ​မေက ​ဈေးတန်းမှာ​နေရာတစ်​​နေရာဝယ်​ကာ ​ရောင်းချမှာမလို့ဖြစ်​သည်​။

ရတနာ့ဂူဘုရားပွဲက အမရပူရသားတို့ အားထားရ​သော ပွဲ​တော်​တစ်​ခုဖြစ်​သည်​။ ငှက်​​လှော်​ခြင်း၊ ကန်​​တော့ပွဲ​ရောင်းခြင်း၊ မြန်​မာ့မုန့်​မျိုးစုံ​ရောင်းခြင်း၊ ဝါးနှင့်​လုပ်​သည့်​ အသုံးအ​ဆောင်​တို့​ရောင်းခြင်း စသည်​ဖြင့်​ စီးပွား​ပေါင်းစုံ ​ငွေ​ဝင်​​သောအချိန်​လည်းဖြစ်​သည်​။

ထိုအချိန်​​၌ မရှိဆင်းရဲသူတစ်​ချို့ ​ဈေး​ရောင်းရင်​​တောင်​ ရက်​ပိုင်း​လောက်​​တော့ ဝင်​​ငွေအလုံအ​လောက်​ရှိပါသည်​။ ပြီးရင်​​တော့ က​လေး​တွေအတွက်​ ဝင်​​ငွေအားထားရာတစ်​ခုဖြစ်​၏။ အဘယ့်​​ကြောင့်​ဆို​သော်​ နတ်​နန်းမှာ ကခုန်​ကျသည့်​နတ်​က​တော်​တို့ ပိုက်​ဆဲများကြဲတဲ့အခါ ​လု​ကောက်​လို့ရခြင်းဖြစ်​သည်​။ ထိုအချက်​ကို​တော့ ​သူလည်းကြိုက်​ပါသည်​။

ကောင်းကင်​က ဦး​လေးစိုးမငှါး​တော့သည့်​အတွက်​ အိမ်​​ရှေ့မှာထားထားရ​သော ငှက်​ကိုစဉ်းစားမိကာ....

"သားလည်း ငှက်​ထွက်​ချင်​တယ်​ အ​မေရာ"

ဦး​လေးစိုးက အရင်​နှစ်​ထဲမှာ ကိုယ်​ပိုင်​ငှက်​ရှိပြီဆို​တော့ သူတို့ဆီကငှက်​ကိုမငှါး​တော့။ ထို့​ကြောင့်​ သူလည်း ​​ချောင်းထဲမှာ ငှက်​ထားကာ လူတင်​ချင်​သည်​။ ​သူတို့​နေတဲ့ ​တောင်​ကြီးရပ်​ကွက်​က​နေ နတ်​နန်းသို့ ​​ရေဝင်​စိမ့်​အင်းဖြစ်​သည့်​ ​ဒေသအ​ခေါ်ပန်းဘဲချောင်းက​နေတစ်​ဆင့်​ သွားကျတာရှိသလို၊ အထက်​နန်း​အောက်​နန်းကို ရွာထဲက​နေ​ခြေလျင်​မသွားဘဲ ​ပန်းဘဲ​ချောင်းက​နေ လှေနဲ့သွားတဲ့သူရှိသည်​။ ​​တမင်​​လှေစီးသည့်​သူများ​တောင်​ ရှိသဖြင့်​ လှေသမားများအတွက်​ ရတနာ့ဂူပွဲက ပိုက်​ဆံအဝင်​ဆုံးဖြစ်​သည်​။ သို့​သော်​ အ​မေက ငယ်​​သေးသည်​ဟုဆိုကာ သူ့ကိုမလုပ်​ခိုင်း​ပေ။

အို....ဤအချစ်​များရယ်​ ဘာ​ကြောင့်​ ဆုံဖို့ခက်​ရတယ်(Completed)Where stories live. Discover now