5K 642 66
                                    

အရုဏ်​ဦးက ​ကျောင်းက​နေအိမ်​ပြန်​​ရောက်​လို့ အဝတ်​အစားလဲပြီးတာနှင့်​ အခန်းပြင်​ထွက်​လာခဲ့သည်​။ ဒီ​နေ့ အိမ်​စာနှင့်​ကျက်​စာ မပါသဖြင့်​ အချိန်​​တွေက အားလပ်​​နေပါ၏။ တစ်​မနက်​ခင်းလုံး စာဖြင့်​လုံးပမ်းခဲ့သည်​​ကြောင့်​ အိမ်​မှာ​တော့ စာမဖတ်​ဘဲ​ ​ဆော့ချင်​ပါသည်​။ ဒါဟာ အမှန်​အတိုင်း ဝန်​ခံတာပင်​။ ထို့​ကြောင့်​ အတူ​ဆော့​ပေးဖို့ အကိုဖြစ်​သူကို ပူဆာရုံမှအပ မရှိပါ​ချေ ။ အိမ်​မှာ အကိုတစ်​​ယောက်​ပဲ ရှိသည်​ကိုး။

"အကို"

ထုံးစံအတိုင်း အသံ​ပေးကာ တံခါး​ခေါက်​လိုက်​သည်​။

"ဘာလဲ အရုဏ်​ဦး"

တံခါးဖွင့်​လာသည့်​​နောက်​ အကို့ခပ်​တည်​တည်​မျက်​နှာက ခရီးကြိုသည်​။

"ဆော့ရ​အောင်​"

"မ​ဆော့ချင်​ဘူး"

"ပျင်းလို့ပါ"

"ပျင်းရင်​ စာဖတ်​လို့ ဘယ်​နှစ်​ခါ​ပြောရမလဲကွာ"

အကိုက​အော်​လာသည်​။ အရုဏ်​က မ​ကြောက်​သွားတဲ့အပြင်​ မျက်​နှာတည်​​လေးနှင့်​....

"စာချည်းပဲဆို​တော့ ပျင်းတယ်​​လေ"

"မ​ဆော့ချင်​ဘူး၊ တံခါးထပ်​မ​ခေါက်​နဲ့"

စံဧကက တံခါးပိတ်​မလို့လုပ်​​တော့ အရုဏ်​ဦးက တံခါးကိုလက်​ဖြင့်​တွန်းလိုက်​သည်​။ စံဧကက တံခါးမပိတ်​​သေးဘဲ စိတ်​ညစ်​သွားဟန်​ မျက်​ခုံးကိုကုတ်​လိုက်​သည်​။

"ဒါဆို ​ရှေ့ကအ​ကြော်​ဆိုင်​က ​ကောင်းကင်​နဲ့ သွား​ဆော့မယ်​"

စံဧကရဲ့ မျက်​ခုံးထိပ်​အစုံ ထိကပ်​သွားသည်​။ ညီဖြစ်​သူက ဘယ်​တုန်းက အ​ကြော်​ဆိုင်​က​ကောင်​​လေးနှင့်​ ခင်​သွားတာလဲ။

"ဘယ်​တုန်းက ခင်​တာလဲ"

"ကွတ်​ဖီးမလိုင်​​ချောင်းဝယ်​တုန်းက​လေ၊ အပြန်​မှာ လမ်းမကူးရဲလို့ သူက ကူကူး​ပေးရင်းခင်​တာ၊ ​ကျောင်းမှာလည်း သူနဲ့ပဲကစားတာ"

"​အေး ​အေး သ​ဘော၊ အ​မေပြန်​မလာခင်​ပြန်​လာခဲ့"

စံဧကက သူနဲ့လွဲပြီး​ရောဆိုသည့်​သ​ဘောဖြင့်​ ​အရုဏ့်​ဆန္ဒကို လိုက်​​လျောလိုက်​သည်​။

အို....ဤအချစ်​များရယ်​ ဘာ​ကြောင့်​ ဆုံဖို့ခက်​ရတယ်(Completed)Where stories live. Discover now