၂၆

3K 413 43
                                    

အမရာဘရဏီ့အတွက်​ ​နေ့တစ်​ရက်​ရဲ့ မနက်​ခင်းပိုင်းတာဝန်​ဟာ ဝရန်​ဒါမှာရပ်​၍ အ​ဖေ၊​အ​မေနှင့်အကိုကြီးတို့ရဲ့ ကားက​လေး ခြံထဲကထွက်​သွားခြင်းအား ​စောင့်​ကြည့်​​နေသည်​။ ကားက​လေး ခြံထဲကထွက်​ကာ ညာဘက်​သို့ ချိုး​ကွေ့ထွက်​သွားမှ အမရာက​ လွတ်​လပ်​သွားသလို ခံစားမိ၍ ပြုံးလိုက်​မိကာ အထဲသို့ပြန်​ဝင်​လာခဲ့သည်​။

ဆယ်​တန်း​ဖြေပြီးထား​သော အမရာက ပိတ်​ရက်​မှာ ချက်​ချင်း သင်​တန်း​တွေမတက်​​သေးဘဲ ပင်​ပန်းထားသမျှကို အနားယူ​နေဖြစ်​သည်​။ သို့​သော်​ငြား ဘာသာစကားသင်​တန်း​တွေ စတက်​တာနှင့်​ modelသင်​တန်းကိုပါတက်​မယ်​လို့ ရည်​ရွယ်​ထားပါသည်​။ ထိုအတွက်​ ကိုကို့ကို အကူအညီ​တောင်းရ​ပေဦးမည်​။ ကိုကိုက​တော့ သူ့စိတ်​ကို နားလည်​​ပေးနိုင်​ဆုံးလူဖြစ်​၍ ရင်​ဖွင့်​ရအ​ကောင်းဆုံးလူဖြစ်​သည်​။

အမရာက အခန်းထဲပြန်​ဝင်​သွားလိုက်​သည်​။ သူ့အခန်းထဲမှာ ​လေ့ကျင့်​​နေကျဖြစ်​​သော catwalk​လျှောက်​နည်းအား တစ်​ဖန်​ပြန်​၍ ​လေ့ကျင့်​မည်​ဖြစ်​သည်​။ အခန်းထဲ​ရောက်​တာနှင့်​ မှန်​​ရှေ့သွားကာ ​ခြေမျက်​စိထိရှည်​​သောဂါဝန်​အား ​ပေါင်​ရင်းထိအကျပ်​ပုံစံဖြစ်​​အောင်​ ခါး၌ချည်​လိုက်​​တော့ ​သေးသွယ်​တဲ့ ​သူမခြေတံ​လေးက အကာအကွယ်​မရှိ ​ပေါ်လာသည်​။ ပြီး​တော့ လက်​ရှည်​ကိုချွတ်​ကာ ထိုလက်​စ​အား ရင်​ဘက်​ထဲထည့်​​တော့ လှလှပပ သွယ်​စင်း​နေသည့်​ လည်​တံ​လေးက ထင်းလာခဲ့သည်​။ ထုံးထား​သောဆံ​ကေသာကို ဖြည်​ချ​လျင်​ ခါးထိရှည်​​သော ဆံပင်​​တွေက လှလှပပ​ဖြောင့်​စင်း​နေ​လေသည်​။ ​ဒေါက်​အမြင့်​မရှိသဖြင့်​ ​ခြေဖျား​ထောက်​ကာ လက်​ကိုခါး​၌​ထောက်​ထားလိုက်​သည်​။ ထိုသို့ခါး​ထောက်​ရာတွင်​လည်း ခန္ဓာကိုယ်​နှင့်​လက်​က တစ်​တန်းထဲဖြစ်​​နေလို့မရ လက်​ကအနည်းငယ်​ နောက်​​ရောက်​ရ​ပေမည်​။

ပြုံး​နေသည့်​မျက်​နှာအ​နေအထားက​နေ catwalkစ​လျှောက်​မည်​ဆို​တော့ မျက်​နှာထားကို တည်​ထားလိုက်​သည်​။ ​ခြေလှမ်းတစ်​လှမ်းကို ယုံကြည်​စွာနဲ့ လှမ်းလိုက်​သည်​။ ထို့​နောက်​ ​နောက်​တစ်​လှမ်းအား လှမ်းလိုက်​သည့်​အခါ လှမ်းပြီးသား​ခြေ​ထောက်​ရဲ့ ​ရှေ့တည့်​တည့်​ မျဉ်း​ဖြောင့်​အ​​နေအထားမှာ ​ခြေချလိုက်​သည်​။ ခြေလှမ်းများစွာ ထိုသို​လှမ်းပြီး​နောက်​ ​နောက်​ပြန်လှည့်​သည့်​အချိန်​၌ ​ခြေ​ထောက်​နှစ်​ဖက်​ကို အနည်းငယ်​ချဲကာ ညာဘက်​​ခြေ​ထောက်​ရဲ့ ​​​ထောက်​ထားသည့်​​ခြေ​ချောင်း​လေး​တွေကို အားပြု၍ ဆံပင်​​တွေဝဲသွား​အောင်​ထိ လှည့်​လိုက်​ပြီး catwalkပြန်​​​လျှောက်​ကာ မတ်​တပ်​ရပ်​လိုက်​ပြီး......

အို....ဤအချစ်​များရယ်​ ဘာ​ကြောင့်​ ဆုံဖို့ခက်​ရတယ်(Completed)Where stories live. Discover now