၄၃

3.8K 441 51
                                    

အရုဏ့်​ရဲ့ ခန္ဓာကိုယ်​​လေး ​လေ​ပေါ်​မြောက်​တက်​သွား​တော့မှာကို ​တွေ့​နေရသည်​။ ​လေ​ပေါ်​မြောက်​တက်​ပြီးရင်​​တော့ ​တောင်​သမန်​အင်း​မွေ့ရာ၌ အရုဏ့်​ခန္ဓာကိုယ်​​လေး အိပ်​စက်​ရ​ပေမည်​။ ​ကောင်းကင်​က အမြန်​​ပြေး၍ မှီရာအရုဏ့်​လက်​​မောင်းကို အားဖြင့်သူ့ဘက်​သို့ဆွဲလိုက်​သည်​။ သူ့ဘက်​သို့ပြန်​ပါလာသည့်​ အရုဏ့်​ရဲ့အရှိန်​က များလွန်းလှသဖြင့်​​ သူ့မှာအရုဏ့်​ကိုဖက်​လျှက်​ တံတား​ပေါ်သို့ ပက်​လက်​လဲကျသွားရသည်​။ 

ကောင်းကင်​က တံတားကြမ်းခင်းနှင့်​ရိုက်​မိသွားသည့်​ ​ကျောပြင်​ကအနာကို ဂရုမစိုက်​နိုင်​ဘဲ ရင်​ခွင်​ထဲက အရုဏ့်​ခန္ဓာကိုယ်​​လေးကိုပဲ ခပ်​တင်းတင်းဖက်​ထားကာ ထိုင်​လိုက်​မိသည်​။ ပြီး​နောက် သူ့ရင်​ခွင်​ထဲ၌ အသိမဲ့သလို ငိုယို​နေသည့်​အရုဏ့်အား လက်​​မောင်းက​နေဆွဲလှုပ်​ကာ...

"ရူး​နေလား အရုဏ်​ မင်းရူး​နေလား"

"ငါ​သေချင်​...တယ်​ ​ကောင်းကင်​...ငါ​သေ..ချင်​တယ်​"

အရုဏ်​က ရှိုက်​ကာရှိုက်​ကာ​ပြောလာသည်​။ အရုဏ့်​မျက်​ဝန်းမှာ နီရဲ​တောက်​​နေကာ အ​ဖော်​မဲ့ခြင်း​အငွေ့​အရိပ်​တွေကို ​အထင်​သား​တွေ့​နေရသည်။ အရုဏ်​က အ​ခြေအ​နေဆိုး​တွေနှင့်​ ကြုံ​တွေ့ခဲ့သည်​ပဲ။ ​ကောင်းကင်​က ​ထွက်​လာပါ​သော​ဒေါသကိုထိန်းကာ အရုဏ့်​ကိုဖက်​ထား​ပေးလိုက်​မိသည်​။

"မင်းမိဘ​တွေ​ကြောင့်​လား ဟမ်​ အရုဏ်​ "

"ငါ​သေချင်​တယ်​ ​ကောင်းကင်​...ငါ...​သေချင်​တယ်​...ငါက..အင့်​..ငါက..ငါ့မိသားစုအ​ပေါ် ... မသိတတ်​တဲ့သား....ငါက..ငါက..ငါ့မိသားစုကို...အရှက်​ခွဲတဲ့သား..ငါ့မိဘအတွက်​ ​မွေးရ...ကျိုး..မနပ်​တဲ့သား"

"အရုဏ်​ရာ"

"ငါ့ကို​သေခွင့်​​ပေးပါ...ငါ့ကို​သေခွင့်​​ပေးပါ..ငါ​သေချင်​တယ်​..ငါ​သေချင်​တယ်​ ..​ကောင်းကင်​"

ကောင်းကင်​က အရုဏ့်​ကိုဖက်​ထားမှ လက်​​မောင်းကိုကိုင်​ကာ အရုဏ့်​မျက်​နှာကို ​​စေ့​စေ့ကြည့်​လိုက်​သည်​။

အို....ဤအချစ်​များရယ်​ ဘာ​ကြောင့်​ ဆုံဖို့ခက်​ရတယ်(Completed)Where stories live. Discover now