''9''

9.8K 1.4K 63
                                    

ရှောင်ကျန့်က သူ့ကို မျက်မှောင်ကြီးကြုတ်ကာ စိုက်ကြည့်နေတဲ့ဝမ်လျန်ဖေးကြောင့် အလွန်နေရခက်လာတယ် ။ သူနဲ့ဝမ်ရီပေါ်ရဲ့လက်ရှိအနေအထားက အရမ်းရှက်စရာကောင်းနေတယ် ။ ထွက်ပြေးချင်နေတဲ့ သူရဲ့အတွေးတွေကို ဝမ်ရီပေါ်ကကြိုသိနေတဲ့အလား သန်မာတဲ့လက်တစ်စုံနဲ့ သူ့ရဲ့ခါးကိုတင်းကြပ်စွာဖက်လာတယ် ။ အကြမ်းပတမ်းရုန်းပစ်လိုက်ချင်ပေမဲ့လည်း တင်ပါးကိုလာထောက်နေတဲ့ ခပ်မာမာအရာကြီးနဲ့ ပွတ်မိသလိုဖြစ်သွားမှာကြောင့်မရုန်းရဲ ။

" ငြိမ်ငြိမ်လေးနေပေး ဟုတ်ပြီလား? "

ဝမ်ရီပေါ်က ခရမ်းချဉ်သီးလုံးလေးလိုနီရဲနေတဲ့ ရှောင်ကျန့်ရဲ့မျက်နှာလှလှလေးကို သဘောကျစွာကြည့်စွာ နားရွက်လေးကိုကိုက်ဆွဲပြီးဆိုလိုက်တယ် ။ ရှောင်ကျန့်ရဲ့ခန္ဓာကိုယ်လေးက အဲ့ဒီအပြုအမူကြောင့်တုန်တက်သွားပြီး အလန့်တကြားဖြစ်သွားတယ် ။ ဝမ်ရီပေါ်ကကျေနပ်စွာရယ်မောကာ သူရဲ့ညာဘက်လက်နဲ့ ရှောင်ကျန့်ရဲ့တင်ပါးလုံးလုံးလေးကိုဖျစ်ညစ်လိုက်တယ် ။

ရှောင်ကျန့်ကတော့ ဝမ်ရီပေါ်ရဲ့ရဲတင်းလွန်းတဲ့အပြုအမူတွေကို တဖြည်းဖြည်းနဲ့ကြောက်ရွံလာတယ် ။ ဝမ်ရီပေါ်က သူ့အပေါ်ခံစားချက်တွေရှိနေတာလား? ။ ဇနီးဆိုတဲ့စကားက စနှောက်နေတာမဟုတ်ဘူးပေါ့? ။ မဖြစ်သင့်ဘူး! ဝမ်ရီပေါ်က သူ့အပေါ်မှာ ခံစားချက်ရှိနေလို့မဖြစ်ဘူး ။ စိတ်ကစားရုံလောက်ဆိုကိစ္စမရှိပေမဲ့ အတည်ဆိုရင်တော့ပြသာနာရှိသွားပြီ ။ သူဘာလုပ်သင့်လဲ? ။

ဝမ်ရီပေါ်နဲ့ဝေးရာကို ထွက်သွားလိုက်သင့်လား? ။ အဲ့ဒီလိုဆိုရင် ဝမ်ရီပေါ်က ပုံမှန်ပြန်ဖြစ်သွားလောက်တယ်မလား? ။ ဒါပေမဲ့သူအဲ့ဒီလိုလုပ်လိုက်ရင် ဝမ်ရီပေါ်ရဲ့အမေကိုပေးထားတဲ့ကတိကို ဘယ်လိုလုပ်ရမလဲ? ။ ဝမ်ရီပေါ်ကိုကာကွယ်ပေးမယ်ဆိုပြီး ပေးထားတဲ့ကတိကို ဘယ်လိုလုပ်ရမလဲ? ။ ဝမ်သခင်မက ဝမ်ရီပေါ်အပေါ်ကို မကောင်းကြံရင်ဘယ်လိုလုပ်မလဲ? ။ ရှောင်ကျန့်က ထွက်သွားသင့်လား၊ မသင့်ဘူးလားဆိုတာကို ဝေခွဲမရဖြစ်နေတယ် ။

" ငါရှိနေသေးတယ်ဆိုတာကိုလည်း သိထားကြအုံး ''

ဝမ်လျန်ဖေးက သူ့ကိုမမြင်ချင်ယောင်ပြီး ကြည်နူးနေကြတဲ့ မျက်စိရှေ့ကအချစ်ငှက်နှစ်ကောင်ကြောင့် မျက်နှာမဲ့ရွဲ့သွားတယ် ။ ရှောင်ကျန့်က ဝမ်လျန်ဖေးရဲ့စကားကြောင့် အလွန်ရှက်ရွံ့သွားပြီး မျက်နှာဘယ်နေရာမှာထားရမလဲပင်မသိတော့ ။ ဝမ်ရီပေါ်ကတော့ ရှောင်ကျန့်နဲ့လုံးဝဆန့်ကျင်ဘက် ။ သူက သူရဲအကိုဖြစ်သူကို လာမရှုပ်စမ်းနဲဆိုတဲ့အကြည့်မျိုးပေးကာ...

Don't Touch My Wife !!! [ Completed ] Where stories live. Discover now