ဝမ်ရီပေါ်ကိုကြည့်နေတဲ့ ရှောင်ကျန့်ရဲ့မျက်လုံးတွေမှာ ကြောက်ရွံမှုတွေအထင်းသားပေါ်လွှင်နေတယ် ။ ဝမ်ရီပေါ်က ထိုအကြည့်တွေကြောင့် ဟန်ဆောင်မနိုင်လောက်အောင်ပင် မျက်နှာပျက်ယွင်းလာတယ် ။ ယွီဝူကျီကတော့ ကယ်တင်ရှင်ကိုမြင်တွေ့လိုက်ရတဲ့အလား တဝူးဝူးနဲ့အကူအညီတောင်းလို့နေတယ် ။
" ဝမ်... ဝမ်လေး ဘာ.. ဘာလို့ဒီလိုမျိုး... ''
ရှောင်ကျန့်က ဆက်မပြောနိုင်တော့ချေ ။ မြေပြင်ပေါ်ကသွေးကွက်တွေနဲ့ အစိတ်အပိုင်းတစ်ချို့ကိုမြင်ပြီးနောက် အသည်းအသန်အော့အန်တော့တယ် ။ ရက်စက်တယ် အရမ်းရက်စက်တယ် ။ ဝမ်ရီပေါ်က ဘယ်လိုလုပ်ဒီလောက်အထိ ရက်စက်နိုင်ရတာလဲ? ။ တစ်ချိန်တည်းမှာပဲ ဒီလိုမြင်ကွင်းမျိုးနဲ့ရင်နီးနေသလိုပါ ခံစားလိုက်ရတယ် ။ သူ.. သူက မကောင်းဆိုးဝါးမဟုတ်ဘူး ။ သူ အဲ့ဒီလိုမျိုးမလုပ်ဖူးဘူး ။ သူမဟုတ်ဘူး သူမဟုတ်ဘူးလို့!! ။ ရှောင်ကျန့်က လက်မခံနိုင်သလိုမျိုး ခေါင်းကိုအဆက်မပြတ်ယမ်းခါနေတယ် ။
ဝမ်ရီပေါ်က သွေးတွေပေကျံနေတဲ့ဓားမြှောင်ကို အဝေးကိုလွင့်ပစ်လိုက်ပြီး ရှောင်ကျန့်ရဲ့အနားကိုသွားကာ ညှင်သာစွာဆိုလိုက်တယ် ။
" ဘာလို့အခန်းထဲကထွက်လာတာလဲ ရှောင်းရယ် ။ အခုလိုမျိုးတစ်ယောက်တည်း လျှောက်သွားမနေသင့်ဘူး ။ ရှောင်းက အရမ်းဆိုးတာပဲ''
ရှောင်ကျန့်က ဝမ်ရီပေါ်ကို စိုက်ကြည့်မိသွားတယ် ။ ဝမ်ရီပေါ်ကတော့ ဘာမှမလုပ်ထားသလိုမျိုး အပြစ်ကင်းစင်တဲ့မျက်လုံးတွေနဲ့ သူ့ကိုကြည့်ကာပြုံးပြလာတယ် ။ ရှောင်ကျန့်က အရိုးထဲထိပါအေးစိမ့်လာတယ် ။
" မျက်နှာကဖြူလျော့နေတာပဲ နေမကောင်းဘူးလား? "
ဝမ်ရီပေါ်က ရှောင်ကျန့်ရဲ့နဖူးလေးကိုထိကြည့်လိုက်တယ် ။ ရှောင်ကျန့်က ဝမ်ရီပေါ်စိတ်ဆိုးသွားမှာကိုကြောက်တာကြောင့် အရုပ်လေးတစ်ရုပ်လိုငြိမ်ခံနေတယ် ။ ဝမ်ရီပေါ်က ရှောင်ကျန့်ရဲ့တုံ့ပြန်မှုကြောင့် ပိုလို့ပင်မျက်နှာပျက်ယွင်းလာတယ် ။ မျက်လုံးတွေကမည်းမှောင်သွားပြီး အေးစက်တဲ့အော်ရာတွေကလည်း သူရဲ့ကိုယ်ထဲကထွက်လာတယ် ။
ESTÁS LEYENDO
Don't Touch My Wife !!! [ Completed ]
FanficStart Date - 14 Apri 2021 End Date - 7 Mar 2022 Wang Yibo Xiao Zhan [ Both Zawgyi and Unicode ]