ရှောင်ကျန့်က သူ့ရဲ့မွေးစားကလေးတွေဖြစ်တဲ့ ယီလျန်နဲ့လီချန်းမင်ရဲ့မျက်နှာတွေကို အတော်ကြာအောင်စိုက်ကြည့်လို့နေတယ် ။ သူ ဒီကလေးတွေကိုဘာပြောသင့်သလဲ? ။ တောင်းပန်လိုက်ရမလား? ။
" မွေးစားအဖေ အဟင့်! ကျွန်တော် အဖေကိုအရမ်းလွမ်းနေခဲ့တာ ''
ယီလျန်က ကလေးတစ်ယောက်လိုမျိုး ရှောင်းကျန့်ရဲခါးကိုတင်းကြပ်စွာဖက်ကာ ဝမ်နည်းတကြီးငိုရှိုက်လာတယ် ။ သူအရမ်းကြောက်နေခဲ့တာ ။ မွေးစားအဖေနဲ့ ဘယ်တော့မှပြန်မတွေ့ရတော့မှာကို ။ မွေးစားအဖေက သူတို့တွေကိုမလိုချင်တော့မှာကို ။
".........''
" မွေးစားအဖေ ကျွန်တော်လိမ္မာပါမယ် အဖေရဲ့စကားကိုနားထောင်မှာမို့ ဘာမှမပြောပဲ ထပ်ပျောက်မသွားပါနဲ့နော် ''
ရှောင်ကျန့်က အလွန်စိတ်မကောင်းဖြစ်လာတယ် ။ နှစ်ပေါင်းထောင်ကျော်ကြာသွားခဲ့တာတောင်မှ သူတို့တွေက သူ့ကို ဘယ်တော့မှလက်မလျော့ခဲ့ဘူး ။ သူ့အတွက်နဲ့ ကောင်ကင်ဘုံကိုတောင်မှ အကြောက်အလန့်မရှိ တိုက်ခိုက်ရဲတယ် ။
" နောက်တစ်ခါဆိုရင် ဒီလိုမျိုးမလုပ်နဲ့တော့ ။ ကောင်းကင်ဘုံကိုတိုက်ခိုက်တာက ရူးမိုက်တဲ့လုပ်ရပ်ပဲ မင်းတို့က အဲ့ဒီလူကို နိုင်မှာမဟုတ်ဘူး ''
ယီလျန်က ထိုစကားကိုကြားတော့ မကျေမနပ်ဖြစ်လာတယ် ။ ဒါပေမဲ့လည်းအမှန်တရားဖြစ်နေတာမို့ ဘာမှပြန်မပြောနိုင်ခဲ့ပေ ။ ရှောင်ကျန့်က ယီလျန်ရဲ့အတွေးတွေကိုသိနေတဲ့အလား ဆက်ဆိုလာတယ် ။
" ငါရဲ့ဘဝတစ်လျှောက်လုံးမှာ နောင်တအရဆုံးလုပ်ရပ်က ကောင်းကင်ဘုံကို ဖျက်စီးဖို့ကြိုးစားခဲ့တာပဲ ။ မဖြစ်နိုင်မှန်းသိသိကြီးနဲ့ ငါ့ကိုယ်ငါလိမ်ညာခဲ့တယ် ။ အမုန်းတရားတွေကိုပွေ့ပိုက်ပြီး ငါ့ကိုယ်ငါနာကျင်စေခဲ့တယ် ။ တန်ဖိုးရှိတဲ့အချိန်တွေကိုလည်း အဲ့ဒီအပေါ်မှာပဲမြှုပ်နှံထားခဲ့မိတယ် ။ ဘယ်လောက်တောင် စိတ်ပျက်ဖို့ကောင်းလိုက်သလဲ? ။ မင်းတို့နှစ်ယောက်ကိုတော့ ငါ့လိုမဖြစ်စေချင်ဘူး ''
" ......... ''
" ချန်းမင် မင်းက ယီလျန်ထက်စာရင် အများကြီးတွေးတောတက်တယ် ။ ငါပြောချင်တဲ့အဓိပ္ပါယ်ကို မင်းနားလည်မယ်လို့မျှော်လင့်တယ် ''
ВЫ ЧИТАЕТЕ
Don't Touch My Wife !!! [ Completed ]
ФанфикStart Date - 14 Apri 2021 End Date - 7 Mar 2022 Wang Yibo Xiao Zhan [ Both Zawgyi and Unicode ]