''7''

11.3K 1.5K 24
                                    

ရှောင်းကျန့်က နေမကောင်းဘူး ။ အသားတွေကအေးစက်နေပြီး နှုတ်ခမ်းတွေကပြာနှမ်းနေတယ် ။ ဝမ်ရီပေါ်က သူရဲ့အတွင်းအားတွေကို ရှောင်းကျန့်ရဲ့ကိုယ်ထဲ အဆက်မပြတ်လွဲပြောင်းပေးနေတယ် ။ ရှောင်းကျန့်ရဲ့အခြေအနေက ဒီလောက်ထိတောင် ဆိုးရွားနေတာလား? ။ ဝမ်ရီပေါ်က မျက်ရည်တွေဝဲလာတယ် ။ ဘာလို့လဲ? သူပြန်ရောက်လာခဲ့ပြီလေ ။ ရှောင်ကျန့်က ဘာလို့အခုလိုဖြစ်နေရတာလဲ? ။

" ဝမ်လေး ကိုကိုအဆင်ပြေတယ် ဘာမှမဖြစ်ဘူး ။ ခဏလောက်နေရင် ပုံမှန်အတိုင်းပြန်ဖြစ်သွားလိမ့်မယ် ''

" တောင်းပန်ပါတယ် ရှောင်းအခုလိုဖြစ်ရတာ ကျွန်တော်အပြစ်တွေပါ ။ ''

" မဟုတ်ဘူး! ဒါကဝမ်လေးကြောင့် မဟုတ်ရပါဘူး ။ တကယ်တော့ကိုကို ဒီလိုဖြစ်နေတာ အစတည်းကပါ ။ ဝမ်လေးနဲ့မဆိုင်ပါဘူး ''

" ဘယ်လို? "

" ကိုကိုရဲ့ခန္ဓာကိုယ်က အစတည်းကအခြေအနေမကောင်းဘူး ။ အချိန်ကြာလာနဲ့အမျှ တဖြည်းဖြည်းပျက်စီးလာနေတာ ။ သိုင်းပညာတွေဖျက်စီးခံလိုက်ရလို့ မဟုတ်ဘူး ။ ဒါကြောင့်ကိုယ့်ကိုအပြစ်မတင်ပါနဲ့ ။ ကိုကိုနေမကောင်းတာက မင်းအပြစ်မဟုတ်ပါဘူး ။ ''

ဝမ်ရီပေါ်က ရှောင်းကျန့်ကိုဘာမှပြန်မပြောဘူး ။ နာကျင်နေတဲ့မျက်ဝန်းတွေနဲ့သာ ငေးကြည့်လို့နေတယ် ။ ဒါဆိုရင်ရှောင်းကျန့်က အစတည်းကမေကောင်းဖြစ်နေတာပေါ့ ။ နေမကောင်းဖြစ်နေတဲ့ရှောင်ကျန့်ကို သူက တစ်ချိန်လုံးနှိပ်စက်နေခဲ့တာတဲ့လား? ။ ဝမ်ရီပေါ်ကမျက်ရည်တွေကို ထိန်းမထားနိုင်တော့ဘူး ။ ရှောင်းကျန့်ရဲ့ကိုယ်လေးကိုဖက်လို့ ကလေးတစ်ယောက်ကိုငိုမိတယ် ။

ရှောင်ကျန့်က သက်ပြင်းချရုံပဲတက်နိုင်တယ် ။ သူကိုယ်တိုင်တောင်မှ ဘာရောဂါရှိနေမှန်းမသိဘူး ။ သူရဲ့ခန္ဓာကိုယ်က ညဘက်တွေဆိုရင် ​ရေခဲပမာအေးလာပြီး တစ်ကိုယ်လုံးနာကျင်လာတယ် ။ အရင်ကတော့သူက အဲ့တာကိုထိန်းချုပ်နိုင်ခဲ့တယ် ။ ဒါပေမဲ့နောက်ပိုင်းမှာတော့ ပိုပိုဆိုးဝါးလာတယ် ။ သိုင်းပညာလည်းမရှိတော့ အဲ့ဒီနာကျင်မှုကိုမထိန်းထားနိုင်တော့ဘူး ။

Don't Touch My Wife !!! [ Completed ] Dove le storie prendono vita. Scoprilo ora