့ဝမ်ရီပေါ်က သူ့ရဲ့လက်ထဲကဓားကို တွန့်ချိုးနေတဲ့မျက်လုံးတွေနဲ့ စိုက်ကြည့်လို့နေတယ် ။ သူဒီနေရာကိုရောက်နေရတဲ့ အကြောင်းအရင်းက ဒီဓားကြောင့်ပဲ ။ ဒီဓားက သူ့ကို ဓားအတွင်းပိုင်းထဲက နယ်မြေထဲဆွဲခေါ်လာခဲ့တာ ။ ဒီဓားက သူ့စီကနေ ဘာလိုချင်နေတာလဲ? ။ ဘာကြောင့် သူ့ကို ဒီနယ်မြေထဲဆွဲသွင်းလိုက်တာလဲ? ။
မေးခွန်းတွေအများကြီးရှိနေပေမဲ့ ဘယ်သူကမှ သူရဲ့မေးခွန်းတွေကို အဖြေမပေးနိုင်ချေ ။ ကြည့်ရာတာ ဒီဓားက သူ့ကိုတစ်ခုခုကို သိစေချင်နေတဲ့ပုံပဲ ။ မဟုတ်မှလွဲရော ဒီဓားမှာအသိစိတ်ရှိနေတာလား? ။ ဝမ်ရီပေါ်က ရှုပ်ထွေးသွားရတော့တယ် ။ အသိစိတ်ရှိနေတဲ့ဓားတွေက ပုံမှန်ဓားတွေနဲ့မတူညီဘူး ။ သူတို့တွေက ကိုယ်ပိုင်ဝိညာဉ်ဖွဲ့စည်းနိုင်တဲ့အထိ စွမ်းအားကြီးကြတယ် ။
လုံဝမ်လိုလူက ဒီဓားကို သူ့လက်ထဲ ထည့်ပေးတယ်ဆိုတာက လုံးဝအဓိပ္ပါယ်ရှိမနေဘူး ။ သူသာ လုံဝမ်နေရာမှာဆိုရင် ဒီလိုစွမ်းအားကြီးတဲ့ဓားမျိုးကို အသေအချာထိန်းသိမ်းထားမှာ ။ ဒါပေမဲ့လုံဝမ်က အဲ့ဒီလိုမလုပ်တဲ့အပြင် သူ့ကိုတောင် ရက်ရက်ရောရောပေးလိုက်သေးတယ် ။ တစ်ခြားလူမဟုတ်ဘူး ဝမ်ရီပေါ်ဆိုတဲ့သူ့ကိုလေ! ။ ဒါက ယုံကြည်ချင်စရာမကောင်းဘူးနော် ။
" မင်း ငါ့ကိုသိစေချင်တဲ့အရာက ရှောင်းနဲ့ပတ်သတ်နေတာလား? "
ဝမ်ရီပေါ်က ခန့်မှန်းပြီးပြောလိုက်ပေမဲ့ ဓားကတော့ သူရဲ့စကားကြောင့် ပြင်းပြင်းထန်ထန်တုံ့ပြန်လာတယ် ။
မကြာခင်မှာပဲ သူ့လက်ထဲကဓားက တစ်စစီကျိုးပဲ့ပျက်စီးသွားပြီး ပုံရိပ်ပေါင်းများစွာက ဓားထဲကနေပေါ်ထွက်လာတယ် ။
" ရှောင်းအာ ဝမ်ကောကောကိုချစ်တယ် ''
ဝမ်ရီပေါ်က မျက်နှာပျက်သွားတယ် ။ ဒါက ရှောင်းရဲ့မှတ်ညဏ်တွေထဲမှာ သူတွေ့ခဲ့ရတဲ့ပုံရိပ်ပဲ ။ ဒီဓားက သူ့ကို ဘာလို့ဒါတွေထပ်ပြနေတာလဲ? ။
" ဝမ်ကောကောက ရှောင်းအာရဲ့အပိုင်နော် ရှောင်းအာကို သစ္စာဖောက်ခွင့်မရှိဘူး မဟုတ်ရင်ရှောင်းအာက ဝမ်ကောကောကို မုန်းပစ်လိုက်မှာ ။ ''
![](https://img.wattpad.com/cover/239115278-288-k879329.jpg)
YOU ARE READING
Don't Touch My Wife !!! [ Completed ]
FanfictionStart Date - 14 Apri 2021 End Date - 7 Mar 2022 Wang Yibo Xiao Zhan [ Both Zawgyi and Unicode ]