''24''

7.8K 1.1K 15
                                    

ရှောင်ကျန့်က ဝမ်ရီပေါ်ရဲ့မျက်လုံးထဲက ပြင်းပြတဲ့သတ်ဖြတ်ချင်စိတ်တွေကို မြင်တွေ့လိုက်ရတာကြောင့် အနည်းငယ်တုန်လှုပ်မိသွားတယ် ။ ဝမ်ရီပေါ်ရဲ့အခုလိုပုံစံမျိုးကို သူတစ်ခါမှမမြင်ဖူးဘူး ။ ဝမ်ရီပေါ်က သူ့ရှေ့မှာဆိုရင် အမြဲပြုံးနေခဲ့တာ ။ ရှောင်ကျန့်က အရူးတစ်ယောက်လိုအော်ဟစ်နေတဲ့ ချောင်လျုံရန်ကိုကြည့်ပြီး တိတ်တဆိတ်သက်ပြင်းချလိုက်တယ် ။

" ကျွန်တော်မမှားဘူးမလား ရှောင်း? "

ရှောင်ကျန့်ကတောင့်ခဲသွားပြီး ဘာပြန်ပြောရမှန်းမသိဖြစ်နေတုန်းမှာပဲ ဝမ်ရီပေါ်က ထပ်မံလှုပ်ရှားလိုက်တယ် ။

" အား!! "

ချောင်လျုံရန်ရဲ့ကြောက်မက်ဖွယ် အော်ဟစ်သံကြီးက တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်ကို ချက်ခြင်းဆူညံ့သွားစေတယ် ။

" သခင်လေး!! "

ချောင်လျုံရန်ရဲ့နောက်လိုက်တွေက လျှင်မြန်စွာတုန့်ပြန်လိုက်ပေမဲ့ နောက်ကျသွားခဲ့တယ် ။ အဲ့ဒီရက်စက်တဲ့လူက သူတို့သခင်လေးရဲ့မျက်လုံးတွေကိုပါ ထပ်ပြီးဖျက်စီးပစ်လိုပြန်ပြီ ။ တစ်ချိန်တည်းမှာပဲ သူတို့ရဲ့ခန္ဓာကိုယ်တွေကလည်း လှုပ်လို့မရဖြစ်သွားပြီး မြေပြင်ပေါ်ဝုန်းကနည်းလဲကျသွားတယ် ။

ဝမ်ရီပေါ်က လဲကျနေတဲ့လူတွေကိုကျော်ခွပြီး ဝေဒနာအကြီးအကျယ်ခံစားနေတဲ့ ချောင်လျုံရန်ရဲ့အနားကို တစ်လှမ်းချင်းလျှောက်လာခဲ့တယ် ။ ချောင်လျုံရန်ကတော့ ​ကြောက်ရွံမှုကြောင့် အသက်တောင်မရှူရဲတော့ချေ ။ သူရဲ့အပြုအမူတွေအတွက် အလွန်နောင်တရနေပေမဲ့လည်း ဘာမှမတက်နိုင်တော့ဘူး ။ မထိသင့်တဲ့လူကို သွားထိလိုက်မိတဲ့အတွက် သေရတော့မယ် ။

" အဟက်! နောက်ဆုံးတော့ မင်းကိုတွေ့ပြီပဲ ''

ဝမ်ရီပေါ်က ချောင်လျုံရန်ရဲ့မျက်နှာကိုနင်းကာ အေးစက်စွာဆိုလိုက်တယ် ။ သူရဲ့အရင်ဘဝမှာ ဒီလူက ရှောင်ကျန့်ကိုဖျက်စီးဖို့ကြိုးစားခဲ့တယ် ။ အဲ့ဒီအချိန်တုန်းက သူက ယီဝူကျီဆိုတဲ့မြေခွေးကောင်ရဲ့ ဖျားယောင်းသွေးဆောင်မှုတွေအောက်မှာ သာယာနေတဲ့အချိန် ။ ရှောင်ကျန့်ဘာဖြစ်ဖြစ် စိတ်မဝင်စားခဲ့ဘူး ​။ ဝမ်ရီပေါ်က သူ့ကိုယ်သူမုန်းတီးလွန်းလို့ ဓားနဲ့အပိုင်းပိုင်းခုတ်ထစ်ချင်မိတယ် ။

Don't Touch My Wife !!! [ Completed ] Where stories live. Discover now