ဝမ်ရီပေါ်ရဲ့မျက်လုံးတွေက အလွန်တရာအေးစက်နေပြီး ပတ်ဝန်းကျင်လေထုကလည်း ကြောက်မက်ဖွယ်ကောင်းတဲ့အထိဖြစ်လာတယ် ။ ကျောက်မူယွမ်က အန္တာရာယ်ကိုခံစားမိတာမို့ ရှောင်းတိမ်းဖို့ကြိုးစားလိုက်တယ် ။ ဒါပေမဲ့ဘယ်ကမှန်းမသိတဲ့နွယ်ပင်တွေက သူ့တစ်ကိုယ်လုံးကိုချုပ်နှောင်လိုက်တာမို့ လှုပ်မရဖြစ်ကာ တောင့်တောင့်ကြီးဖြစ်လို့နေတယ် ။
" ရပ်လိုက်!! "
ကျောက်လျန်က ညီဖြစ်သူရှေ့ရပ်ကာ ဝမ်ရီပေါ်ရဲ့တိုက်ခိုက်မှုကို ချက်ခြင်းခုခံလိုက်တယ် ။ ဝမ်ရီပေါ်က လှောင်ပြုံးပြုံးကာကြည့်လို့နေတယိ ။ ဒီလူက သူ့ရဲ့တိုက်ခိုက်မှုကို တားဖို့ကြိုးစားနေတာပဲ အဟက်! ။ ကျောက်လျန်က ဝမ်ရီပေါ်ရဲ့အပြုံးကိုတွေ့တော့ မျက်မှောင်ကြုတ်မိသွားတယ် ။ မကောင်းတော့ဘူး!!
" မင်း.. အဟွတ်!! "
ကျောက်မူယွမ်က သွေးအန်ကာဒူးထောက်ကျသွားတဲ့ အကိုဖြစ်သူဖြစ်သူကြောင့် မျက်လုံးတွေပြူးကျယ်သွားတယ် ။ သူရဲ့အကိုက ဒီလူရဲ့တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသွားတယ်တဲ့လား ။
ကျောက်လျန်က ဝမ်ရီပေါ်ကို အထင်မသေးရဲတော့ဘူး ။ ဒီလူရဲ့အင်အားက ကောင်းကင်သခင်နီးပါး သန်မာလွန်းတယ် ။ ဒီလူက ဘယ်သူလဲ? ။ သာမန်တိုက်ခိုက်မှုလေးကတောင် သူ့ကို ဒဏ်ရာရသွားစေတယ် ။
ဝမ်လျန်ဖေးကဆော့ ညီဖြစ်သူကို အလွန်အံ့သြနေရတယ် ။ ကျောက်လျန်က သူရဲ့ညီကြောင့် ဒဏ်ရာရသွားတယ်တဲ့လား! ။ ကျောက်လျန်က နတ်စစ်သူကြီးတစ်ယောက်လေ ။ သူ့ရဲ့ညီက ကျောက်လျန်ကို အနိုင်ယူလိုက်နိုင်တယ်တဲ့လား! ။
ဝမ်ရီပေါ်က အံ့သြနေတဲ့လူတွေကိုလျစ်လျူရှုကာ ကျောက်မူယွမ်ရဲ့အနားကိုသာ တစ်လှမ်းချင်းသွားလိုက်တယ် ။
ကျောက်လျန်က မျက်နှာမကောင်းတော့ဘူး ။ ဒီလူ သူ့ညီကို သတ်ပစ်မယ်ဆိုတာအသေအချာပဲ ။
" ရီပေါ်တော်တော့ ရှောင်ကျန့်က အဆင်ပြေနေပြီပဲ ။ သူ့ကိုလွှတ်ပေးလိုက်တော့ ''
ဝမ်ရီပေါ်က အကိုဖြစ်သူရဲ့စကားကိုကြားတော့ ခြေလှမ်းတွေရပ်တန့်သွားတယ် ။ အဲ့ဒီနောက် အကိုဖြစ်သူရဲ့ဘေးမှာရပ်နေတဲ့ ရီဝူယွဲ့ကိုစိုက်ကြည့်ကာ အေးစက်စွာဆိုတယ် ။
YOU ARE READING
Don't Touch My Wife !!! [ Completed ]
FanfictionStart Date - 14 Apri 2021 End Date - 7 Mar 2022 Wang Yibo Xiao Zhan [ Both Zawgyi and Unicode ]