''30''

6.9K 972 17
                                    

ဝမ်ရီပေါ်က ယီလျန်ဆိုတဲ့လူနဲ့ သူ့ရဲ့အနားမှာရှိနေတဲ့လူကို တိတ်တဆိတ်အကဲနေတာမို့ ပြောင်းလဲမှုတစ်ချို့ကိုသတိထားမိတယ် ။ အဲ့ဒီလူနှစ်ယောက်က ရှောင်ကျန့်ရဲ့မျက်နှာအစစ်ကိုမမြင်နိုင်ဘူး ။ ဝမ်ရီပေါ်က ကောင်းကင်မျက်လုံးကိုအသုံးပြုကာ အသေးစိတ်ထပ်မံစစ်ဆေးလိုက်တယ် ။ အဲ့ဒီလူပဲ!! သူရဲ့ရှောင်ကျန့်ကိုသတ်သွားတဲ့လူ! ယီမိသားစုခေါင်းဆောင်ရဲ့ဘေးမှာ ထိုင်နေတဲ့လူက မကောင်းဆိုးဝါးဘုရင်ပဲ!! ။

ယီမိသားစုက မကောင်းဆိုဝါးဘုရင်နဲ့ ဘယ်လိုလုပ်ပတ်သတ်နေတာလဲ? ။ အကြာင်းအရာတွေအားလုံးကို သေချာပြန်စဉ်းစားကြည့်လိုက်ရင် ယီလျန်ဆိုတဲ့လူက သံသယဝင်စရာအကောင်းဆုံးပဲ ။ သူရဲ့အရင်ဘဝမှာတုန်းက အဲ့ဒီလူက တစ်ခါမှပေါ်မလာခဲ့ဘူး ။ သူတစ်ခုခုကိုများ လွှတ်သွားခဲ့သေးတာလား? ။ အရမ်းအရေးကြီးတဲ့ အချက်အလက်မျိုးကိုပေါ့ ။

ယီလျန်ရဲ့မျက်လုံးတွေက ရှောင်ကျန့်ရဲ့ကိုယ်ပေါ်က တစ်ခဏလေးတောင်ရွေ့မသွားချေ ။ တစ်စုံတစ်ခုကိုရှာဖွေနေသလို ပေါက်ထွက်မတက်စိုက်ကြည့်နေတယ် ။ ရှောင်ကျန့်က ယီလျန်ရဲ့အကြည့်စူးစူးတွေကြောင့် ဝမ်ရီပေါ်ရဲ့အနောက်မှာ ဝင်ပုန်းမိသွားတယ် ။ သူဘာလို့များ ဒီလိုလုပ်ခဲ့ပါလိမ့်? ။ သူရဲ့မသိစိတ်ထဲကနေ ဝမ်ရီပေါ်ကို အရမ်းအားကိုးနေမိတာလား? ။

" မင်း အနက်ရောင်နယ်မြေကိုသိလား ? "

ရှောင်ကျန့်က ယီလျန်ရဲ့အမေးကို ခေါင်းရမ်းပြလိုက်တယ် ။ အနက်ရောင်နယ်မြေ? အဲ့တာက ဘာကြီးလဲ? ။ ဝမ်ရီပေါ်ကတော့ ထိုစကားကြောင့် တောင့်ခဲသွားတယ် ။ ယီလျန်ဆိုတဲ့လူနဲ့ပတ်သတ်ပြီး တစ်ခုခုမှားနေတာသေချာပြီ ။ ဒီလူက လူမဟုတ်ဘူး!! ။ ဝမ်ရီပေါ်ရဲ့မျက်လုံးတွေက တဖြည်းဖြည်းနဲ့ အနီရောင်ဘက်ကူးပြောင်းလာတယ် ။

" သတိထား! "

လီချန်းမင်က ဝမ်ရီပေါ်ရဲ့ပြောင်းလဲမှုကိုသတိပြုမိတဲ့ တစ်ဦးတည်းသောလူဖြစ်တယ် ။ ဒါကြောင့်ယီလျန်အပေါ်ကျရောက်လာတဲ့ ဝမ်ရီပေါ်ရဲ့တိုက်ခိုက်မှုကို လျှင်မြန်စွာတုံ့ပြန်လိုက်တယ် ။ ပတ်ဝန်းကျင်တစ်ခုလုံးက အပ်ကျသံကြားရလောက်ပင် တိတ်ဆိတ်သွားတယ် ။ ကြောက်ဖို့ကောင်းလွန်းတယ်!! ။ ဒီလူနှစ်ယောက်က ဘယ်လိုလူတွေလဲ? ။ သူတို့ရဲ့တိုက်ခိုက်မှုက အရမ်းအားကောင်းလွန်းတယ် ။

Don't Touch My Wife !!! [ Completed ] Where stories live. Discover now