''40''

5.8K 820 11
                                    

မသေမျိုးလောကရဲ့ကျော်ကြားတဲ့ စစ်နတ်ဘုရားတစ်ပါးဖြစ်တဲ့ နတ်ဘုရားရွမ်ယွီက တစ်နေ့မှာတော့ မွေးကင်းစအရွယ် လသားကလေးငယ်လေးကို ပွေ့ချီလျက် သေမျိုးတွေရဲ့လောကနေ ပြန်ရောက်လာခဲ့တယ် ။

ဆယ့်သုံးနှစ်သားလုံဝမ်က ဆရာဖြစ်သူလက်ထဲက မွေးကင်းစအရွယ် ကလေးသေးသေးလေးကိုမြင်တော့ မျက်ခုံးတွေတွန့်ချိုးသွားတယ် ။ သူရဲ့ဆရာက ဒီကလေးကို ဘယ်ကနေခေါ်လာခဲ့တာလဲ? ။ တပည့်အဖြစ် လက်ခံမလို့လား? ။ အဲ့ဒီလိုဆိုရင် သူက ဆရာရဲ့တစ်ဦးတည်းသောတပည့် မဖြစ်နိုင်တော့ဘူးပေါ့ ။ လုံဝမ်က မပျော်တော့ဘူး ။

စစ်နတ်ဘုရားရွမ်ယွီက တပည့်ဖြစ်သူရဲ့ မှုန်ကုပ်နေတဲ့ မျက်နှာလေးကိုမြင်တော့ တိတ်တစိတ်သက်ပြင်းချမိတယ် ။ ဒီကလေးရဲ့အကျင့်စရိုက်ကို သိထားတာမို့ အခုအချိန်တွေးနေမဲ့ အတွေးတွေကိုလည်း သိတယ် ။

" သူက... ? "

" အခုကစပြီး သူက မင်းရဲ့ညီငယ်လေးပဲ ''

" ဆရာ!! "

လုံဝမ်က ဆရာဖြစ်သူရဲ့စကားကြောင့် ဒေါ်သတကြီးအော်မိတယ် ။ တစ်ချိန်တည်းမှာပဲ ညီငယ်လေးဆိုသူကိုပါ မုန်းတီးလာတယ် ။

သူငယ်ငယ်တုန်းက သူ့ရဲ့မိဘတွေက သူ့ကိုအရမ်းချစ်ပြီး အရမ်းဂရုစိုက်ခဲ့ပေမဲ့ ညီငယ်လေးပေါ်လာတဲ့အချိန်မှာတော့ သူရခဲ့တဲ့အချစ်တွေ ဂရုစိုက်မှုတွေအားလုံးက အဲ့ဒီညီငယ်လေးအသစ်စီ ရောက်သွားခဲ့တယ် ။ အဲ့ဒီညီငယ်လေး ​မွေးဖွားလာတဲ့နေ့ကစပြီး ကောင်းကင်နန်းတော်မှာရှိတဲ့လူတိုင်းက သူ့ကိုဂရုမစိုက်ကြတော့ဘူး ။ ညီငယ်အသစ်ကိုပဲ ဂရုစိုက်ကြတယ် ။ ကလေးအရွယ်လုံဝမ်က သူပိုင်ဆိုင်တဲ့အရာတွေကို ခိုးယူခံလိုက်ရတယ်လို့ ထင်မှတ်သွားခဲ့တယ် ။

ဒါပေမဲ့အဲ့ဒီညီငယ်အသစ်က မွေးဖွားပြီး ငါးလကြာတဲ့အချိန်မှပဲ အပြင်းဖျားကာ သေဆုံးသွားခဲ့တယ် ။ အဲ့ဒီတုန်းက သူ့ရဲ့မိဘတွေက သူ့ကိုတောင်မေ့လျော့နေတဲ့အထိ ပူဆွေးဝမ်းနည်းခဲ့ကြတယ် ။ ဒါကြောင့်သူဆုံးဖြတ်လိုက်တယ် ။ သူပိုင်ဆိုင်တဲ့အရာတွေကို ဘယ်သူမှခိုးယူသွားလို့မရအောင် ကာကွယ်မယ်လို့ပေါ့ ။

Don't Touch My Wife !!! [ Completed ] Hikayelerin yaşadığı yer. Şimdi keşfedin