''3''

13.5K 1.6K 17
                                    

ရှောင်ကျန့်ကနာကျင်လွန်းလို့ စကားတောင်ကောင်းကောင်းမပြောနိုင်ဘူး ။ သူအခုလိုဖြစ်ရတာ သခင်လေးကြောင့်ဆိုပေမဲ့ သခင်လေးကိုတော့မမုန်းပါဘူး ။ သခင်လေးက အရမ်းငယ်သေးတယ်မဟုတ်လား ။ ဘယ်လိုလုပ် အရာရာကိုစဉ်းစားနိုင်ပါ့မလဲ ။ ကလေးသဘာဝအရ ကိုယ့်အပေါ်အလွန်ကောင်းပေးတဲ့လူကို တွယ်တာတာကပုံမှန်ပဲလေ ။ သခင်လေးရဲ့အမေက သူ့အသက်ကိုကယ်တင်ပေးထားတာမို့ သခင်လေးက သူ့အသက်ကိုလိုချင်တယ်ဆိုရင်တောင်မှ ကိစ္စမရှိဘူး ။

" သခင်လေး ''

ရှောင်ကျန့်က ဒီစကားလေးကိုပြောဖို့ အတော်အားယူလိုက်ရတယ် ။ ဝမ်ရီပေါ်က ရှောင်ကျန့်ရဲ့ပုံစံကိုကြည့်ပြီး ပိုလို့တောင်ငိုချင်လာတယ် ။ ဝမ်ရီပေါ်ဆိုတဲ့သူက ရှောင်ကျန့်အပေါ်မှာ အကြွေးတွေအများကြီးတင်နေတယ် ။ များလွန်းလို့ဘယ်လိုပြန်ဆပ်မလဲတောင် မသိတော့ဘူး ။ သူသိတာတစ်ခုကတော့ ဒီလူသားကို ဘယ်သူမှမထိစေရဘူးဆိုတာပဲ ။ အတိတ်မှာသူ့ကိုကာကွယ်ပေးသလို သူကလည်းပြန်ကာကွယ်ပေးမယ် ။

" သခင်လေး? "

ဝမ်ရီပေါ်က ရှောင်ကျန့်ကို မျက်တောင်မခတ်စိုက်ကြည့်နေတယ် ။ ရှောင်ကျန့်ကနေရခက်လာတဲ့အတွက် စကားထပ်ဆိုမိတယ် ။ ဘာလို့သူ့ကိုစိုက်ကြည့်နေရတာလဲ? ။ တစ်ခုခုအမှားလုပ်မိလို့များလား? ။ ရှောင်ကျန့်ကတစ်ယောက်တည်း အတွေးများနေတယ် ။ အဲ့ဒီအချိန်မှာပဲဝမ်ရီပေါ်က မထင်မှတ်ထားတဲ့အရာကိုလုပ်ချလိုက်တယ် ။ ရှောင်ကျန့်က တောင့်ခဲသွားတယ် ။ ဝမ်ရီပေါ်က ရှောင်ကျန့်ရဲ့လက်လေးကိုနူးညံ့စွာကိုင်ကာ...

" ရှောင်း ကျွန်တော် တောင်းပန်ပါတယ်နော် ။ အခုအချိန်ကစပြီး ရှောင်းရဲ့စကားမှန်သမျှကို ကျွန်တော်နားထောင်ပါမယ် ။ ရှောင်းကို စိတ်ဆင်းရဲအောင်မလုပ်တော့ပါဘူး ။ ''

" သ.. သခင်လေး နေမကောင်းဘူးလား? ကျွန်တော် သမားတော်သွားခေါ်ပေးမယ် ''

ရှောင်ကျန့်က ဝမ်ရီပေါ်ရဲ့ပုံစံအသစ်ကြောင့် လိပ်ပြာထွက်မတက်လန့်သွားတယ် ။ နာကျင်မှုကိုတောင် ​မေ့သွားတဲ့အထိပဲ ။ သခင်လေးက တစ်ခုခုဖြစ်နေပြီ ။ မဖြစ်ဘူး! အခြေအနေဆိုးမလာခင် အမြန်ကုသမှဖြစ်မယ် ။ ရှောင်ကျန့်ကလှဲနေတာကနေ ရုတ်တရက်ကြီးထလိုက်တာကြောင့် ခေါင်းတစ်ခေါင်းလုံးမူးနှောက်သွားတယ် ။

Don't Touch My Wife !!! [ Completed ] Tempat cerita menjadi hidup. Temukan sekarang