''25''

8.3K 1.1K 9
                                    

ဝမ်ရီပေါ်က သူရဲ့ရင်ခွင်ထဲမှာ ​မေ့မျောနေတဲ့ရှောင်ကျန့်ကို အဓိပ္ပါယ်ဖော်ရခက်တဲ့ မျက်ဝန်းတွေနဲ့ စိုက်ကြည့်လို့နေတယ် ။ လုံဝမ်ဆိုတဲ့လူက ရှောင်ကျန့်နဲ့ ဘယ်လိုတွေပတ်သတ်နေတာလဲ? ။ ရှောင်ကျန့်က အဲ့ဒီလူအတွက် ဘာလို့မျက်ရည်ကျနေရတာလဲ ။ ရှောင်ကျန့်နဲ့ပတ်သတ်ပြီး သူမသိသေးတဲ့အရာတွေ အများကြီးရှိနေပါလား ။ မကောင်းဆိုးဝါးရင်ရဲ့ ရွေးချယ်မှုကိုခံခဲ့ရပြီး ကျိန်စာပါတိုက်ခံထားရတဲ့ ​ရှောင်ကျန့်က သာမန်လူသားတစ်ယောက်တော့ ဖြစ်မနေနိုင်ဘူး ။

ကျိန်စာတစ်ခုဖန်တီးတော့မယ်ဆိုရင် နတ်ဘုရားတစ်ပါးရဲ့သွေးကိုလိုအပ်တယ် ။ ဒါကြောင့်ရှောင်ကျန့်ကို ကျိန်စာတိုက်ခဲ့တဲ့လူက အလွန်မြင့်မားတဲ့အဆင့်အတန်းမှာရှိရမယ် ။ ဘယ်လိုလူမျိုးက ရှောင်ကျန့်ကို အသည်းအသန်သတ်ချင်နေရတာလဲ? ။ ဝမ်ရီပေါ်ကအလိုမကျမှုကြောင့် မျက်ခုံးတွေတွန့်ချိုးလို့နေတယ် ။  ပြန်လည်မွေးဖွားလာခဲ့ပေမဲ့ ရှောင်ကျန့်နဲ့ပတ်သတ်ပြီး သူလုပ်နိုင်တာ ဘာတစ်ခုမှမရှိသေးဘူး ။ ဒါကအရမ်းစိတ်တိုစရာကောင်းတယ် ။

" ရှောင်းက ကျွန်တော်တစ်ယောက်တည်းရဲ့လူ ။ ရှောင်းရဲ့နှလုံးသား ၊ ရှောင်းရဲ့စိတ်ဝိညာဉ် ၊ ရှောင်းရဲ့ခန္ဓာကိုယ် ၊ ရှောင်းနဲ့ပတ်သတ်သမှန်သမျှ ကျွန်တော်ကပဲပိုင်ဆိုင်ခွင့်ရှိတယ် ။ ဒါကြောင့်ကျွန်တော်မဟုတ်တဲ့ တခြားယောက်ျားအကြောင့် ထပ်မတွေးမိစေနဲ့ ။ မဟုတ်လို့ကတော့..... ''

ဝမ်ရီပေါ်က ရှောင်ကျန့်ရဲ့ပန်းနုရောင်နှုတ်ခမ်းအိအိလေးကို အသာစုပ်ယူလိုက်တယ် ။ ရှောင်ကျန့်ရဲ့နှုတ်ခမ်းတွေက ပင်လယ်ရေလိုပဲ ။ ဘယ်​လောက်နမ်းနမ်း နမ်းလို့ကိုမဝဘူး ။ ​ရှောင်ကျန့်ရဲ့မျက်နှာလေးကို မြတ်နိုးစွာစိုက်ကြည့်လိုက်တယ် ။ ရှောင်ကျန့်အပေါ်မှာရှိတဲ့ သူ့ရဲ့ပိုင်ဆိုင်လိုစိတ်တွေက တစ်နေ့ထက်တစ်နေ့ပြင်းထန်လာပြီး ထိန်းချုပ်မရဖြစ်လာတယ် ။ တစ်ခါတစ်လေကျရင် ရှောင်ကျန့်ကိုဘယ်သူမှမမြင်အောင် အကျဉ်းချပြီးပိတ်လှောင်ထားချင်တဲ့အထိပဲ ။ ဒီအတွေးတွေကြောင့် သူ့ကိုယ်သူလည်းမုန်းတီးမိတယ် ။

Don't Touch My Wife !!! [ Completed ] Tempat cerita menjadi hidup. Temukan sekarang