''4''

12.5K 1.6K 19
                                    

ဝမ်ရီပေါ်က အဲ့ဒီအဖြစ်အပျက်တွေပြီးသွားတည်းက ရှောင်းကျန့်ကို သူ့ရဲ့အနားမှာပဲအမြဲခေါ်ထားတယ် ။ မျက်စိအောက်က လုံးဝအပျောက်မခံချေ ။ ကလေးတစ်ယောက်လိုမျိုး အရိပ်တကြည့်ကြည့်နဲ့ ။ ကြာလာတော့ရှောင်းကျန့်က အလွန်နေရခက်လာတယ် ။ သူက ဝမ်ရီပေါ်ထက် ဆယ်နှစ်ကျော်တောင်ကြီးတယ် ။ ဒါပေမဲ့ဝမ်ရီပေါ်ကတော့ သူ့ကို ကလေးတစ်ယောက်လိုဆက်ဆံနေတယ် ။

ရှောင်းကျန့်က ဒါကြီးကိုလက်မခံနိုင်ဖြစ်နေတယ် ။ သူသတိပြန်ရလာတည်းက သူရဲ့သခင်လေးဖြစ်တဲ့ဝမ်ရီပေါ်က အပြောင်းလဲကြီးပြောင်းလဲသွားတယ် ။ ဘယ်လောက်ထိလဲဆိုရင် တစ်ခြားတစ်ယောက်လိုပဲ ။ အများကြီးပိုရင့်ကျက်လာပြီး တည်ငြိမ်လာတယ် ။ အရင်လိုပေါက်ကရလေးဆယ်တွေ လျှောက်မလုပ်တော့ဘူး ။ ပြသာနာတွေမရှာတော့သလို သူ့ကိုလည်း ခက်ခဲအောင်မလုပ်တော့ဘူး ။

ဒါပေမဲ့အဲ့ဒီအစား ကြောက်ဖို့ကောင်းလောက်အောင်ပင် သူ့အပေါ်အလွန်ကောင်းလာတယ် ။ သိုင်းပညာတွေဆုံးရှုံးသွားတည်းက သူရဲ့ခန္ဓာကိုယ်က အမြဲအားနည်းနေပြီး မကြာခဏနေမကာင်းဖြစ်လေ့ရှိတယ် ။ ဒီအကြောင်းကို ဘယ်ကနေဘယ်လိုမျိုးသိသွားမှန်းမသိ ။ ရွှေစတစ်ထောင်နီးပါးအဖိုးတန်တဲ့ အားဆေးတွေကို သူ့ကိုနေ့တိုင်းတိုက်တယ် ။ မလိုပါဘူးလို့ အတင်းငြင်းရင်တောင်မှမရ ။ ရှောင်းကျန့်က အရမ်းငိုချင်နေတယ် ။

ဝမ်ရီပေါ်ကလိမ္မာသွားပေမဲ့ အရင်ကထက်အသုံးအဖြုန်းပိုကြီးလာတယ် ။ သူ့လိုဘာမှမဟုတ်တဲ့ အစေခံတစ်ယောက်အတွက် ပိုက်ဆံတွေသုံးနေတာမနည်းတော့ဘူး ။ ဘယ်သွားသွားသူ့ကို အမြဲခေါ်သွားတက်ပြီး တစ်ယောက်ထဲလည်းပေးမသွားချေ ။ အဆိုးဆုံးကတော့ တစ်ခန်းထဲအတူနေနေရတာပဲ ။ ဟုတ်တယ်! ဝမ်ရီ​ပေါ်နဲ့တစ်ခန်းထဲမှာ အတူနေနေရတာ ။ သူက ဒါကိုအပြင်းအထန်ကန့်ကွက်ခဲ့သေးတယ် ။ ဒါပေမဲ့ဝမ်ရီပေါ်က မကြားချင်ယောင်ဆောင်ပြီး အကုန်လျစ်လျူရှုခဲ့တယ် ။

ဒီလိုနဲ့ကောလဟာလတွေက ဝမ်အိမ်တော်အတွင်းပျံ့နှံ့လာတော့တယ် ။ ဒါကတော့ဒုတိယဝမ်သခင်လေးက ဝတ်ရုံလက်ပြတ်ဖြစ်နေတယ်ဆိုတာပဲ ။ သူတို့တွေက ဝမ်ရီပေါ်ကို ယောက်ျားချင်းစိတ်ဝင်စားတဲ့ လူလို့ပြောနေကြတယ် ။ ရှောင်းကျန့်က ဒေါ်သထွက်လွန်းလို့သွေးအန်မတက် ။ သူက အဲ့ဒီလူတွေကို ထုရိုက်ပစ်ချင်နေတယ် ။ ဒါပေမဲ့ဝမ်ရီပေါ်က သူ့ကိုတားခဲ့တယ် ။ ပြီးတော့ဘာမှမလုပ်ပဲ ဒီအတိုင်းထားဖို့ပြောတယ် ။ ရှောင်းကျန့်က ဝမ်ရီပေါ်ကို နားမလည်တော့ဘူး ။ ဝမ်ရီပေါ်က ဘာတွေတွေးနေတာလဲ? ။

Don't Touch My Wife !!! [ Completed ] Donde viven las historias. Descúbrelo ahora