''19''

8.6K 1.1K 29
                                    

ရှောင်ကျန့်က သူတို့ကိုကြည့်ကာ တီးတိုးတီးတိုးပြောနေကြတဲ့လူတွေကြောင့် အလွန်နေရခက်လာတဲ့အတွက် ဝမ်ရီပေါ်ရဲ့အင်္ကျီလက်ကိုဆုပ်ကိုင်မိသွားတယ် ။ သူတို့အခုရောက်နေတဲ့နေရာက ဒီမြို့ရဲ့အလွန်ကျော်ကြားလှပါတယ်ဆိုတဲ့ ကြာပန်းစံအိမ်တော်ဖြစ်တယ် ။ အထဲကိုဝင်လိုက်တာနဲ့ အားလုံးရဲ့မျက်လုံးတွေက သူတို့ကိုယ်ပေါ်ကျရောက်လာကာ လှောင်ပြောင်ရယ်မောနေကြတယ် ။ မသိရင်ပဲသူတို့က လူရွှင်တော်တွေကျလို့ ။

တစ်ချိန်တည်းမှာပဲ ဝမ်ရီပေါ်ဒေါ်သထွက်လာမှာကိုပါတွေးပြီး စိတ်ပူမိသွားတယ် ။ မျိုးရိုးမြင့်သခင်လေးတစ်ယောက်ဖြစ်တဲ့ ဝမ်ရီပေါ်အတွက် ဒီအခြေအနေက သည်းခံဖို့အလွန်ခက်ခဲနေတယ်မလား ။ သူတို့တွေက ဝမ်ရီပေါ်ကို လက်ညှိုးထိုးပြီးတောင် လှောင်ပြောင်နေကြတာ ။ ရှောင်ကျန့်က ကိုယ့်ကိုအပြစ်တင်မိတယ် ။ ဒီလိုအထင်သေးခံရနေတာ သူကြောင့် ။ သူသာ ဝမ်ရီပေါ်ပြောသမျှနားထောင်ပြီးဝင်မပါခဲ့ရင် လူပျက်တစ်ယောက်လိုမျိုး ဆက်ဆံခံရမှာမဟုတ်ဘူး ။

ဒါပေမဲ့သူထင်သလိုမျိုး ဝမ်ရီပေါ်ကဒေါ်သထွက်မနေခဲ့ဘူး ။ အဲ့ဒီအစား အရာအားလုံးကိုလျစ်လျူရှုကာ သူ့ကိုကြည့်ပြီးမေးလာတယ် ။

" ကြောက်နေလို့လား? "

ရှောင်ကျန့်က ပြန်ဖြေချိန်တောင်မရလိုက်ပေ ။ ဝမ်ရီပေါ်ရဲ့လက်တွေက သူရဲ့ခါးထက်ရောက်လာပြီး သူ့ကိုမချီရုံတမယ် ပွေ့ဖက်လို့ထားတယ် ။ အတင်းပြောနေတဲ့လူတွေကလည်း ဝမ်ရီပေါ်က သူ့တို့ကိုလျစ်လျူရှုထားတာမြင်တော့ စိတ်ဝင်စားမှုလျော့နည်းသွားကြပြီး ထွက်သွားကြတော့တယ် ။

" အပေါ်ဆုံးထပ်က အကောင်းဆုံးအခန်းတစ်ခန်းလိုချင်တယ် ။ ''

ဝမ်ရီပေါ်က သိုလှောင်လက်စွပ်ထဲမှာသိမ်းဆည်းထားတဲ့ အထုပ်တစ်ထုပ်ကိုပစ်ပေးကာဆိုလိုက်တယ် ။ အလုပ်သမားကောင်လေးက အထုပ်ထဲကပစ္စည်းတွေကိုစစ်ကြည့်လိုက်တော့ မျက်လုံး​တွေပြူးကျယ်သွားတယ် ။ အဲ့ဒီနောက်အထင်သေးနေတဲ့ အကြည့်တွေကိုချက်ခြင်းပြင်လိုက်ပြီး သူတို့ကိုတရိုတသေဆက်ဆံလာတယ် ။

" ကျွန်တော် လူကြီးမင်းတို့ကို အခန်းလိုက်ပြပေးပါမယ် ''

ဝမ်ရီပေါ်က လျို့ဝှက်စွာပြုံးလိုက်တယ် ။ ငါးစာတော့ချထားပြီးသွားပြီ ။ ငါးဖမ်းမိမဲ့အချိန်ကိုပဲ စောင့်ဖို့ကျန်တော့တယ် ။ အဲ့ဒီလူက စွမ်းအင်ကျောက်တုံးကိုမြင်တာနဲ့ သေချာပေါက်သူ့စီရောက်လာလိမ့်မယ် ။ စွမ်းအင်ကျောက်တုံးတွေကို မမက်တဲ့ကျင့်ကြံသူဆိုတာက ရှားတယ်မဟုတ်ပါလား ။ သူက အဲ့ဒီအရာတွေကို အခုလိုမျိုးသုံးနိုင်တယ်ဆိုမှတော့ သူ့စီမှာ စွမ်းအင်ကျောက်တုံးတွေ အများကြီးရှိတယ်လို့ ပြောလိုက်တာနဲ့အတူတူပဲလေ ။

Don't Touch My Wife !!! [ Completed ] Where stories live. Discover now