''39''

5.9K 930 25
                                    

ရှောင်ကျန့်က ကောင်းကင်သခင်ဆိုသူကို မျက်မှောင်ကြုတ်ကာကြည့်​နေမိတယ် ။ ဒီလူကိုမြင်တာနဲ့ သူ့ရဲ့ရင်ဘတ်တွေက ဘာကြောင့်တင်းကြပ်သွားရတာလဲ? ။ ပြီးတော့ဆိုနကတစ်ယောက်ကလည်း သူ့ကို ကြင်ယာတော်ရှောင်းဆိုပြီး ခေါ်လိုက်သေးတယ် ။ မဟုတ်မှလွဲရော သူက ကောင်းကင်သခင်ရဲ့.... မဖြစ်နိုင်ဘူး! ။ သူက အတိတ်မေ့နေတာပဲရှိတာ ။ တစ်ခြားလူတစ်ယောက် ဖြစ်လာစရာအကြောင်းမရှိဘူး ။ ပြီးတော့သူသာ ကြင်ယာတော်ရှောင်းဆိုရင် ဒီကလူတွေက သူ့ကို မမှတ်မိပဲနေပါ့မလား? ။

ဝမ်ရီပေါ်က ရှောင်ကျန့်ရဲ့တုံ့ပြန်မှုတွေကိုကြည့်ကာ စိုးရိမ်စိတ်တွေမြင့်တက်လာတယ် ။ ရှောင်းက တကယ်ပဲအဲ့ဒီလူနဲ့လက်ထပ်ခဲ့တာလား? ။ ဒါဆိုရင်ရှေးဟောင်းအစီအရင်ထဲမှာ သူတွေ့ခဲ့ရတဲ့ပုံရိပ်ကအစစ်ပေါ့ ။ မင်္ဂလာဝတ်စုံကိုဝတ်ဆင်ထားတဲ့ သူ့ရဲရှောင်း ။ သတိုးသားကတော့ သူမဟုတ်တဲ့ တစ်ခြားယောကျာ်းတစ်ယောက် ။ ဝမ်ရီပေါ်က အလွန်ကိုဒေါ်သထွက်လာတယ် ။

" ခင်များက ကျွန်တော်အပိုင် ကျွန်တော်ကို ထားသွားဖို့ခွင့်မပြုဘူး အဲ့ဒီလိုမှမဟုတ်ရင် ခင်များကို ဘယ်သူမှမမြင်နိုင်အောင် ပိတ်လှောင်ထားရလိမ့်မယ်  ''

အဲဒီနောက်မှာတော့ ဝမ်ရီပေါ်က ရှောင်ကျန့်ရဲ့လက်ကောက်ဝတ်ကို ကျိုးကြေလုမတက်ဆုပ်ကိုင်ကာ အတင်းဆွဲခေါ်သွားတော့တယ် ။

" နာ.. နာတယ် ဝမ်လေး ကိုကို့ရဲ့လက်တွေနာနေပြီလို့ ''

ဝမ်ရီပေါ်က နီရဲနေတဲ့ ​ရှောင်ကျန့်ရဲ့လက်​ကောက်ဝတ်ကိုမြင်တော့ နောင်တရသွားတယ် ။ သူဘာကြောင့် အခုလိုတွေဖြစ်နေရတာလဲ? ။ သူ ဘာလို့အမှားတွေကိုပဲ ဆက်တိုက်လုပ်နေမိတာလဲ? ။

" ကျွန်တော်ကို ထပ်ပြီးမထားခဲ့ပါနဲ့တော့ ''

ဝမ်ရီပေါ်က ရှောင်ကျန့်ရဲ့အရှေ့မှာ ဒူးထောက်ချလိုက်ပြီး ကလေးတစ်ယောက်လိုမျိုး ဝမ်းနည်းတကြီးငိုရှိုက်လာတယ် ။ ဘာကြောင့်အရမ်းခက်ခဲနေရတာလဲ? ။ ပြန်လည်မွေးဖွားလာခဲ့တာတောင်မှ သူအလိုချင်ဆုံးအရာကို ရအောင်မယူနိုင်သေးဘူး ။

Don't Touch My Wife !!! [ Completed ] Tahanan ng mga kuwento. Tumuklas ngayon