ဝမ်ရီပေါ်က ရှောင်ကျန့်ရဲ့လက်လေးကိုဆုပ်ကိုင်ကာ အလုပ်သမားကောင်လေးရဲ့လမ်းပြပေးမှုနောက်နေ တိတ်ဆိတ်စွာလိုက်လာခဲ့တယ် ။ရှောင်ကျန့်ကတော့ တစ်ခုခုကိုစိုးရိမ်နေတဲ့အလား နှုတ်ခမ်းလေးကိုဖိကိုက်လို့ထားတယ် ။
ကြာပန်းစံအိမ်ပိုင်ရှင်က မကောင်းတဲ့ရည်ရွယ်ချက်တွေရှိနေရင် ဘယ်လိုလုပ်မလဲ ? ။ ဝမ်ရီပေါ်အတွက် အန္တာရာယ်ရှိနေနိုင်မလား? ။ ရှောင်ကျန့်က သူ့ကိုယ်သူထက် ဝမ်ရီပေါ်ကိုစိတ်ပူနေမိတယ် ။
" ဘာမှမဖြစ်ဘူး ကျွန်တော်ကိုယုံကြည်ထားလိုက်နော် ''
ဝမ်ရီပေါ်က ရှောင်ကျန့်ရဲ့စိုးရိမ်ပူပန်မှုတွေကိုနားလည်တာမို့ စိတ်အေးသွားအောင်ဆိုလိုက်တယ် ။
သူတို့ အခုသွားနေတဲ့နေရာက ကြာပန်းစံအိမ်ပိုင်ရှင်ရဲ့ ပိုင်နက်နယ်မြေဖြစ်တယ် ။ ဒါကြောင့်ရှောင်ကျန့်က တစ်ခုခုဖြစ်မှာစိုးရိမ်နေတာ ။ ဒါပေမဲ့မသွားလို့ကလည်း မဖြစ်ဘူးလေ ။ ဒီအထိတောင်ရောက်လာခဲ့ပြီးပြီ ဘာအတွက်နောက်ပြန်လှည့်ရမှာလဲ? ။ တကယ်လို့ရှောင်ကျန့်သာ သူရဲ့ရည်ရွယ်ချက်အမှန်ကိုသိသွားရင် အပြင်းအထန်ငြင်းဆန်ခဲ့မှာသေချာတယ် ။
ရှောင်ကျန့်က သူ့အတွက် အန္တာရာယ်ဖြစ်စေမဲ့အရာတွေကို ဘယ်တော့မှရွေးချယ်မှာမဟုတ်ဘူး ။ အဲ့ဒီအစားအသေပဲခံသွားမှာ ။ ဒါကြောင့်သူက ရှောင်ကျန့်ကိုတမင်လိမ်ညာပြီး ဖုံးကွယ်ထားခဲ့တာဖြစ်တယ် ။ ကြာပန်းစံအိမ်ပိုင်ရှင်နဲ့တွေ့ချင်နေရတဲ့ တကယ့်ရည်ရွယ်ချက်က ရောဂါအကြောင်းစုံစမ်းဖို့ဆိုတာကိုပေါ့ ။
ဝမ်ရီပေါ်ရဲ့မျက်ခုံးတွေက ကြာပန်းစံအိမ်ပိုင်ရှင်လို့ ယူဆလို့ရတဲ့လူကို မြင်လိုက်တဲ့တစ်ခဏ အလိုမကျစွာတွန့်ချိုးသွားတယ် ။ အငြိုးအတေးဝိညာဉ်တွေပါလား ။ အဲ့ဒီလူရဲ့အနားတစ်ဝိုက်မှာ မတရားသေဆုံးသွားတဲ့ လူတွေရဲ့ဝိညာဉ်တွေ အများကြီးရှိနေတယ် ။ လူမဆန်တဲ့အပြစ်တွေကို ဘယ်လောက်များကျူးလွန်ထားခဲ့ပါလိမ့် ။ ဒါပေမဲ့အဲ့ဒီလိုကျူးလွန်ဖို့ဆိုတာက နက်နဲတဲ့အမုန်းတရားတွေရှိဖို့လည်း လိုအပ်တယ်လေ ။
![](https://img.wattpad.com/cover/239115278-288-k879329.jpg)
ESTÁS LEYENDO
Don't Touch My Wife !!! [ Completed ]
FanficStart Date - 14 Apri 2021 End Date - 7 Mar 2022 Wang Yibo Xiao Zhan [ Both Zawgyi and Unicode ]