တောင်ပံမျိုးနွယ်စုကို ငှက်လူသားတွေလို့လည်းခေါ်ဆိုနိုင်တယ် ။ ဒါပေမဲ့အခုအချိန်မှာတော့ ငှက်လူသားတွေက ကောင်းကင်ဘုံကနေ ပျောက်ကွယ်သွားခဲ့ကြပြီ ။ သူတို့တွေက ကောင်းကင်နဂါးမျိုးနွယ်ရဲ့စတုတ္ထမင်းကိုသတ်ကာ ပုန်ကန်ခဲ့ကြတာမို့ ကောင်းကင်နဂါးမျိုးနွယ်အပါအဝင် ကောင်းကင်ဘုံမှာရှိတဲ့မျိုးနွယ်စုတိုင်းက အပြစ်သားအဖြစ်သတ်မှတ်ကာ တိုက်ခိုက်ခဲ့ကြတယ် ။
တောင်ပံမျိုးနွယ်စုက ဒီလောက်များပြားလှတဲ့မျိုးနွယ်စုတွေကို ဘယ်လိုလုပ်အနိုင်ရနိုင်မှာလဲ ။ နောက်မှာတော့ရှုံးနိမ့်ကာ သေဆုံးသွားကြတော့တယ် ။ ဒါကတော့တောင်ပံမျိုးနွယ်စုနဲ့ပတ်သတ်တဲ့ သူသိထားသမျှအကြောင်းတွေပဲဖြစ်တယ် ။ လီဝူကျင့်က အဲ့ဒီမျိုးနွယ်ကဖြစ်နေမယ်လို့ သူမထင်ထားခဲ့ဘူး ။
" ငါရဲ့ဘေးမှာရှိနေတဲ့ အငြိုးအတေးဝိညာဉ်တွေကို မင်းမြင်ရတယ်မလား? ။ သူတို့တွေရဲ့အငြိုးတွေ အမုန်းတရားတွေက အရမ်းများတယ်မလား? "
ဝမ်ရီပေါ်က လီဝူကျင့်ရဲ့စကားတွေကိုကြားတော့ အတွေးတွေပြတ်တောက်သွားတယ် ။ လီဝူကျင့်က ဆက်ဆိုလာတယ် ။
" အဲ့ဒီဝိညာဉ်တွေက မတရားခံရပြီးသေဆုံးသွားတဲ့ ငါရဲ့မျိုးနွယ်စုကလူတွေ ။ သူတို့တွေက အခုအချိန်အထိ ငြိမ်းချမ်းစွာအနားမယူနိုင်သေးကြဘူး ။ "
ဝမ်ရီပေါ်က မျက်ခုံးတွေတွန့်ချိုးလာတယ် ။ သူရဲ့အရင်ဘဝမှာတုန်းက ကောင်းကင်ဘုံမှာ အကြာကြီးမနေခဲ့ဘူး ။ ရှောင်ကျန့်ရဲ့ဝိညာဉ်ကိုပဲ အဆက်မပြတ်ရှာဖွေနေခဲ့တာ ။ ဒါကြောင့်ကောင်ကင်ဘုံက မျိုးနွယ်စုတွေရဲ့အရှုပ်အထွေးတွေကို စိတ်မဝင်စားသလို သိလည်းမသိချင်ခဲ့ဘူး ။
" ငါ ငရဲတံခါးကိုလည်းဖွင့်ချင်တယ် ။ ကောင်းကင်ဘုံကို ပျက်စီးသွားစေချင်တယ် ''
" ခင်များက ကျွန်တော်ကို ငရဲတံခါးကိုဖွင့်စေချင်တာလား? "
" ဟုတ်တယ် ''
" အဲ့ဒီအရာကဖြစ်နိုင်မယ်ထင်လို့လား? ကျွန်တော်က သာမန်လူသားတစ်ယောက်နော် ။ ''
လီဝူကျင့်က ဝမ်ရီပေါ်ရဲ့စကားကြောင့် နှုတ်ခမ်းတွေကော့တက်သွားတယ် ။ ဝမ်ရီပေါ်က သူ့ကို ငတုံးတစ်ယောက်လို့များထင်နေတာလား? ။ ကောင်းကင်ဘုံအကြောင်းကိုသိနေတဲ့ လူက သာမန်လူသားတစ်ယောက်ဖြစ်နိုင်ပါ့မလား? ။ ဝမ်ရီပေါ်က သာမန်လူသားတစ်ယောက်မဟုတ်တာကို သူကမမြင်နိုင်ဘူးများထင်နေတာလား? ။
ESTÁS LEYENDO
Don't Touch My Wife !!! [ Completed ]
FanficStart Date - 14 Apri 2021 End Date - 7 Mar 2022 Wang Yibo Xiao Zhan [ Both Zawgyi and Unicode ]