လုံဝမ်တစ်ယောက် ကြောက်ရွံ့မှုကြောင့် သတိလစ်သွားတဲ့ ရှောင်ကျန့်ကို ပွေ့ချီလိုက်ကာ အိပ်ယာထက်တင်ပေးလိုက်ပြီး အနည်းတန်ကြာစိုက်ကြည့်နေမိတယ် ။ သူ ချစ်မိနေတာများလား? ။ အဟက်! အဓိပ္ပါယ်မရှိတဲ့အတွေးတွေ တွေးနေမိတာပဲ ။ သူကဘယ်လိုလုပ်ပြီး ဒီအရှုပ်ထုပ်ကိုချစ်နိုင်မလဲ? ။ မုန်းလွန်းလို့ မြင်တောင်မမြင်ချင်တဲ့ဟာကို ။ ဒါပေမဲ့အဲ့တာဆိုရင် ဘာလို့အရမ်းဒေါ်သထွက်နေတာလဲ? ။ သူ့ရဲ့ခံစားချက်တွေက အရမ်းထူးဆန်းနေတယ် ။
" အိမ်ရှေ့စံမင်းသား မင်းသမီးဖေးလျန်ယွဲ့က အရှင်သားကိုတွေ့ဖို့ ရောက်လာပါတယ် ''
လုံဝမ်က အတွေးတွေပြတ်တောက်သွားတယ် ။ ဖေးလျန်ယွဲ? သူမက ဘယ်လိုလုပ်ပြီး ဒီနေရာအထိရောက်လာရတာလဲ? ။ ကျစ်! တကယ်စိတ်ရှုပ်ဖို့ကောင်းတဲ့မိန်းမပဲ ။ သူ့ရဲ့အဖေက ဘာတွေလျှောက်လုပ်နေပြန်ပြီလဲ? ။ သူ့ကို အဲ့ဒီမိန်းမနဲ့ တကယ်ကြီးလက်ထပ်ပေးချင်နေတာလား ? ။
" မင်းဘာလို့ ဒီအထိလိုက်လာတာလဲ? ငါ မင်းကိုမမြင်ချင်ဘူးလို့ ပြောထားတယ်လေ ''
ဖေးလျန်ယွဲ့က လုံဝမ်ရဲ့စကားတွေကြောင့် ဟန်မဆောင်နိုင်လောက်အာင်ပင် မျက်နှာပျက်ယွင်းသွားတယ် ။ ဒီယောက်ျားက သူမကိုဆို အမြဲတမ်း ခါးခါးသီးသီးငြင်းဆန်လို့နေတယ် ။ သူမက ဘာတွေများလိုအပ်နေလိုလဲ? ။ သူမရဲ့အလှတရားကြာင့် အများစုက သူမကိုမျက်နှာပေးပေမဲ့ လုံဝမ်ဆိုတဲ့ဒီယောက်ျာကတော့ တစ်စက်လေးမျှပင် မျက်နှာသာမပေးချေ ။ တကယ်လို့သူမသာ ဒီယောကျာ်းကိုချစ်မိမသွားရင် အခုလိုမျိုးအရှက်မရှိ တွယ်ကပ်နေမှာမဟုတ်ဘူး ။
" လုံဝမ် ရှင် ကျွန်မအပေါ်ကို နည်းနည်းလေးပဲဖြစ်ဖြစ် နူးညံ့ပေးလို့မရဘူးလား? "
" မရဘူး ''
" ......... ''
" ပြောပြီးပြီဆိုရင် ပြန်တော့ ''
ဖေးလျန်ယွဲ့က လုံဝမ်ရဲ့ပြတ်သားမှုကြောင့် ခါးသက်စွာပြုံးမိတယ် ။ ဒီယောက်ျားရဲ့နှလုံးသားက ဘာနဲ့လုပ်ထားလို ဒီလောက်အထိအေးစက်နေရတာလဲ? ။ အဲ့ဒီအချိန်မှာပဲ အလွန်ချိုသာတဲ့ အသံတစ်သံကိုကြားလိုက်ရတယ် ။
YOU ARE READING
Don't Touch My Wife !!! [ Completed ]
FanfictionStart Date - 14 Apri 2021 End Date - 7 Mar 2022 Wang Yibo Xiao Zhan [ Both Zawgyi and Unicode ]