ရှောင်ကျန့်က ဝမ်ရီပေါ်ရဲ့ကျွမ်းကျင်လှတဲ့ အနမ်းတွေအောက်ကနေ ရုန်းမထွက်နိုင်ဖြစ်နေရှာတယ် ။ ဝမ်ရီပေါ်က သူ့တစ်ကိုယ်လုံးကိုမျိုချထားချင်သလိုမျိုး သူရဲ့နှုတ်ခမ်းတွေကိုနမ်းရှိုက်နေတာ ။ ရှောင်ကျန့်က အသက်ရှူရခက်လာတဲ့အတွက် မျက်ရည်တွေဝဲလာတော့တယ် ။ ရင်ဘတ်တွေကိုထုရိုက်ကာ လွှတ်ပေးဖို့သနားခံမိတော့ ပိုပြီးကြမ်းတမ်းတဲ့အနမ်းတွေကိုပြန်ရလိုက်တယ် ။
ရှောင်ကျန့်က အရမ်းထိတ်လန့်သွားတယ် ။ အသက်ရှုလို့မရတော့ဘူး ။ သူသေတော့မှာလား ? ။ ကြောက်လန့်တုန်လှုပ်မှုတွေကြောင့် သူ့ရဲ့ပါးစပ်ထဲက ဝမ်ရီပေါ်ရဲ့လျှာကို အလန့်တကြားကိုက်ပစ်မိသွားတယ် ။
" အာ့! ဆိုးလိုက်တာကွာ ။ ကျွန်တော့်ရဲ့လျှာကို ဘာလို့အရမ်းကိုက်ပစ်ရတာလဲ ။ ''
ဝမ်ရီပေါ်ကနာကျင်မှုကြောင့် မကျေမနပ်ဖြစ်သွားတယ် ။ ရှောင်ကျန့်က သူရဲ့လျှာကိုတကယ်ကြီးကိုက်ချပစ်လိုက်တာ ။ သူသာအချိန်မှီ နောက်ပြန်မဆုတ်နိုင်ခဲ့ရင် လျှာပြတ်သွားမယ်ဆိုတာကျိန်းသေးတယ် ။ ရှောင်ကျန့်က တကယ်ဆိုးတယ် ။ သူက နမ်းရုံပဲနမ်းရသေးတာကို လျှာပြတ်အောင်ကိုက်ဖို့ကြံနေတယ် ။ မဖြစ်သေးပါဘူး! သေချာသင်ပေးထားမှဖြစ်မယ် ။ အအတော့အဖြစ်မခံနိုင်သေးဘူး ။ ရှောင်ကျန့်ကို ချစ်တယ်ဆိုတဲ့အကြောင်းတွေပြောဖို့ အများကြီးကျန်နေသေးတယ် ။
ရှောင်ကျန့်က ဝမ်ရီပေါ်ရဲ့နှုတ်ခမ်းကသွေးတွေကိုမြင်တော့ မျက်လုံးတွေဝိုင်းစက်သွားပြီး ကတုန်ကယင်တွေဖြစ်လာတယ် ။ သူ... သူဘာလုပ်မိလိုက်တာပါလိမ့်! ။ ရီပေါ်က ဝမ်ရီပေါ်က သူကြောင့်သွေးတွေထွက်ကုန်ပြီ ။ ဝမ်ရီပေါ်ကို ထိခိုက်အောင်လုပ်မိသွားပြီ ၊
ဝမ်ရီပေါ်ကသူ့ကိုကြည့်ပြီး အရမ်းထိတ်လန့်နေရှာတဲ့ရှောင်ကျန့်ကြောင့် နာကျင်မှုကိုမျက်ကွယ်ပြုကာ နှစ်သိမ့်ပေးလိုက်တယ် ။
" ကျွန်တော်က ရှောင်းကိုတမင်စနေတာ ။ ကျွန်တော်အဆင်ပြေပါတယ် လုံးဝမနာဘူး ''
" တကယ်လား? တကယ်အဆင်ပြေလို့လား? သွေး... သွေးတွေတောင်ထွက်နေတဲ့ဟာကို ''
VOCÊ ESTÁ LENDO
Don't Touch My Wife !!! [ Completed ]
FanficStart Date - 14 Apri 2021 End Date - 7 Mar 2022 Wang Yibo Xiao Zhan [ Both Zawgyi and Unicode ]