ရှောင်ကျန့်က သူရဲ့နေ့ရက်တွေကို သူချစ်ရတဲ့ သူရဲ့ဝမ်ကောကောနဲ့ အတူတူဖြတ်သန်းနေရတဲ့အတွက် ပတ်ဝန်းကျင်ကသတင်းတွေကို လျစ်လျူရှုမိသလိုဖြစ်သွားတယ် ။ ဒါကြောင့်ကောင်းကင်နန်းတ်ာရဲ့ အပြောင်းအလဲတစ်ချို့ကို သတိမထားမိခဲ့ချေ ။ ဝမ်ကောကောက ဘာလို့အခုအချိန်အထိပြန်မလာရသေးတာလဲ? ။ ကောင်းကင်နန်းတော်မှာ တစ်ခုခုများဖြစ်နေတာလား? ။
ရှောင်ကျန့်က အကိုဖြစ်သူပြန်ရောက်လာမဲ့အချိန်ကို လက်ချိုးကာရေတွက်လို့နေတယ် ။ ဒါပေမဲ့ သူသာရေတွက်လို့ပြီးသွားတယ် ဝမ်ကောကောကတော့ သူ့စီပြန်ရောက်မလာခဲ့ဘူး ။ တစ်ရက်ကနေတစ်ပတ် ၊ တစ်ပတ်ကနေတစ်လကျော်သွားတဲ့ အချိန်မှာတော့ စိုးရိမ်စိတ်တွေဝင်ရောက်လာတယ် ။ ဝမ်ကောကောစီမှာ တစ်ခုခုများဖြစ်နေတာလား? ။ ဒါမှမဟုတ် ဝမ်ကောကောက သူ့ကိုမလိုချင်တော့လို့ ပြန်မလာတော့တာလား? ။ ဟင့်အင်း! ဝမ်ကောကောက သူ့ကိုအရမ်းချစ်တာ သေချာပေါက် သူ့စီပြန်ရောက်လာလိမ့်မယ် ။
ရှောင်ကျန့်က နောက်ဆုံးမှာတော့ ဆက်ပြီးသည်းမခံနိုင်တော့တဲ့အတွက် ကောင်းကင်နန်းတော်ကို လိုက်သွားတော့တယ် ။ သူအဲ့ဒီကိုရောက်တော့ နန်းတော်ရဲ့အစောင့်တွေက သူ့ကိုဝင်ခွင့်မပေးချေ ။ ဒါကြောင့်ရှောင်ကျန့်က အပေါက်ဝမှာထိုင်ကာ အကိုဖြစ်သူထွက်လာမဲ့အချိန်ကိုပဲ စောင့်နေလိုက်တော့တယ် ။ သုံရက်နီးပါးစောင့်ပြီးသွားတဲ့နောက်မှာတော့ လူတစ်ယောက်က သူရဲ့အနားကိုရောက်လာကာ စကားဆိုလာတယ် ။
" မင်းက နတ်ဘုရားရွမ်ယွီရဲ့အငယ်ဆုံးတပည့်မလား? ကောင်းကင်နန်းတော်ကို ဘာလာလုက်တာလဲ? "
" ကျွန်တော်က အကို့ကိုလာရှာတာ? ဒါပေမဲ့သူတို့တွေက ကျွန်တော်ကိုပေးမဝင်ကြဘူး ''
တစ်ဖက်လူက ရှောင်ကျန့်စီကအဖြေကိုကြားတော့ မျက်ခုံးတွေတွန့်ချိုးသွားတယ် ။ စစ်နတ်ဘုရားရွမ်ယွီက သူ့ရဲ့အသက်သခင်ကျေးဇူးရှင်ဖြစ်တယ် ။ ဒါကြောင့်ဒီကောင်လေးကို ကူညီပေးရမဲ့တာဝန်ရှိတယ် ။
" ဒီနေ့ကအိမ်ရှေ့မင်းသားရဲ့လက်ထပ်ပွဲနေ့လေ မင်းတို့က သူ့ကို ဘာကြောင့်ပေးမဝင်တာလဲ? မင်းတို့က စစ်နတ်ဘုရားရဲ့တပည့်ကို အနိုင်ကျင့်ချင်နေကြတလား? "
VOCÊ ESTÁ LENDO
Don't Touch My Wife !!! [ Completed ]
FanficStart Date - 14 Apri 2021 End Date - 7 Mar 2022 Wang Yibo Xiao Zhan [ Both Zawgyi and Unicode ]