" ဝမ်ရီပေါ်!! "
ဝမ်ရီပေါ်က မျက်ခုံးတွေတွန့်ချိုးသွားတယ် ။ သူရဲ့အကိုက သူဒီမှာရှိနေမှန်း ဘယ်လိုလုပ်သိသွားတာလဲ ? ။
" ဆရာ!! "
လျိုချင်းယန်က လီဝူကျင့်ရဲ့အနားကိုပြေးသွားကာ တင်းကြပ်စွာဖက်ထားမိတယ် ။ တော်သေးလို့ပေါ့ နောက်မကျသွားတာ!
" ချင်းယန်? မင်းဘယ်လိုလုပ်ပြီး..''
" ဆရာ ကျေးဇူးပြုပြီးရပ်လိုက်ပါ ငရဲတံခါးကိုဖွင့်ရင် ကောင်းကင်ဘုံတစ်ခုပဲ ဒုက္ခရောက်မှာမဟုတ်ဘူး သက်ရှိတွေအကုန်လုံး ဒုက္ခရောက်မှာ ။ ဆရာရဲ့ခံစားချက်ကိုနားလည်ပေမဲ့ ဒီလိုတော့မလုပ်လိုက်ပါနဲ့ ကျွန်တော်တောင်းဆိုပါတယ် အဲ့ဒီအကြံကို လက်လျော့လိုက်ပါတော့နော် ''
"........''
ဒီတော့သူရဲ့တပည့်က သူ့ကိုတားဖို့အတွက် ဒီနေရာအထိလိုက်လာခဲ့တာပေါ့ ။ ဒါပေမဲ့ဘယ်လိုလုပ်မလဲ? ။ သူမလုပ်ရင်တောင်မှ လုပ်မဲ့လူရှိတယ်လေ ။ ဝမ်ရီပေါ်ကို ဘယ်သူကဖျောင်းဖျနိုင်မှာလဲ? ။
ဝမ်လျန်ဖေးက ဒေါ်သထွက်လွန်းလို့ အသားတွေတစက်စက်တုန်ပြီဖြစ်တယ် ။ သူရဲ့ဒီညီအရူးက လောကကြီးကိုဖျက်စီးဖို့ ကြိုးစားနေတယ် ။
" ဝမ်ရီပေါ် မင်းရူးနေတာလား!! ရူးနေလို့ ငရဲတံခါးကိုဖွင့်ချင်နေတာလား!! "
" အင်း ''
" ဘာပြောတယ်! "
" ဟုတ်တယ် အကိုပြောသလိုပဲ ကျွန်တော်က ရူးနေတာ ။ ဒါကြောင့်ကျွန်တော့်ကို တားလို့ရမယ်မထင်နဲ့ ''
" မင်း!! "
ဝမ်လျန်ဖေးက ဝမ်ရီပေါ်ကို ချုပ်နှောင်ဖို့ကြိုးစားလိုက်တယ် ။ ဒါပေမဲ့သူရဲ့ကြိုးစားမှုက နည်းနည်းလေးတောင်မှ အရာမထင်ချေ ။ နောက်ဆုံးမှာတော့ သူပဲ ပြန်ချုပ်နှောင်ခံလိုက်ရတော့တယ် ။
" ကျွန်တော် အကို့ကိုနာကျင်အောင် မလုပ်ချင်ဘူး ဒါကြောင့်ကျွန်တော်ရဲ့စကားကိုနားထောင် မဟုတ်ရင် အဲ့ဒီလူကို ထိခိုက်အောင်လုပ်ပစ်မယ် ''
ဝမ်ရီပေါ်က ရီဝူယွဲ့ကိုကြည့်ကာဆိုတယ် ။ ဝမ်လျန်ဖေးက အသံမထွက်ရဲတော့ဘူး ။ သူချစ်ရတဲ့ သူ့ဆရာရဲ့အသက်က သူ့ညီရဲ့လက်ထဲမှာလေ ။ သူက ဘယ်လိုလုပ်ငြင်းနိုင်မှာလဲ? ။ သူ့ညီက ရှောင်ကျန့်ကလွဲရင် ဘယ်အရာမှဂရုစိုက်တာမဟုတ်ဘူး ။ သူ့ကိုတောင်မှ အကိုဖြစ်နေတဲ့အတွက် ဒီလောက်အထိ သည်းခံပေးနေတာ ။ သူ့နေရာမှာ တစ်ခြားလူဆိုရင် သေတာကြာနေလောက်ပြီ ။
![](https://img.wattpad.com/cover/239115278-288-k879329.jpg)
YOU ARE READING
Don't Touch My Wife !!! [ Completed ]
FanfictionStart Date - 14 Apri 2021 End Date - 7 Mar 2022 Wang Yibo Xiao Zhan [ Both Zawgyi and Unicode ]