''51''

6.2K 905 20
                                    

တစ်လကြာပြီးနောက်.....

လုံဝမ်က အသက်မဲ့နေတဲ့မျက်ဝန်းတွေနဲ့ အဝေးတစ်နေရာကို စိုက်ကြည့်လို့နေတယ် ။ သူ့ရဲ့အတ္တတွေကြောင့် သူ့ချစ်ရတဲ့လူက သူ့ကိုခါးခါးသီးသီးမုန်းတီးသွားပြီ ။ သူ့ကိုမမြင်ချင်တော့တဲ့အထိ သူ့အသံကိုမကြားချင်တော့တဲ့အထိ သူနဲ့ပတ်သတ်တာမှန်သမျှ ဘာဆိုဘာတစ်ခုမှမသိချင်တော့လောက်အောင် ရွံရှာသွားခဲ့ပြီ ။ ရှောင်းအာက သူ့ကို ဘယ်တော့မှခွင့်လွှတ်မှာမဟုတ်တော့ဘူး ။ သူနောင်တရနေရင်တောင်မှ ဘာမှပြန်မပြင်နိုင်တော့ဘူး ။

" ကောင်းကင်သခင် အရှင်တကယ်ပဲ ထွက်သွားတော့မှာလား? ကောင်းကင်ဘုံနဲ့ ကျွန်တော်တို့တွေကို တကယ်ပဲထားခဲ့တော့မှာလား? "

ကျောက်လျန်က အက်ကွဲနေတဲ့အသံတွေနဲ့ ဆိုလာတယ် ။ တိုက်ပွဲကြီးပြီးသွားတည်းက ကောင်းကင်သခင်က အရင်ကနဲ့မတူတော့လောက်အောင် ပြောင်းလဲသွားတယ် ။ ဒါကရှောင်ကျန့်ဆိုတဲ့လူငယ်နဲ့ ပတ်သတ်နေတာသေချာတယ် ။ ဒါပေမဲ့သူက ဘာတွေများလုပ်နိုင်မှာလဲ? ။ သူလိုအပြင်လူတစ်ယောက်က ဘာမှမတက်နိုင်ဘူးလေ ။ ကျောက်ရန်က စိတ်မောစွာသက်ပြင်းချမိတယ် ။

" ငါ့ကိုတားမနေနဲ့တော့ ငါဆုံးဖြတ်ပြီးသွားပြီ ဒီနေ့ကစပြီး ငါနဲ့ကောင်းကင်ဘုံက ဘာမှမသတ်ဆိုင်တော့ဘူး ။ ဒါကြောင့်တစ်ခြားတစ်ယောက်ကိုပဲ ရွေးချယ်လိုက်ပါ ။ ငါဒီနေရာကထွက်သွားတော့မယ် '' လုံဝမ်က ပြတ်သားစွာပြောလိုက်တယ် ။

ကျောက်ရန်က လုံဝမ်ရဲ့တိကျပြတ်သားတဲ့စကားတွေကြောင့် ပြောဖို့ပြင်နေတဲ့စကားတွေကို ပြန်လည်မျိုချလိုက်တယ် ။ ကောင်းကင်သခင်က အသေအချာကိုဆုံးဖြတ်ပြီးသွားပြီပဲ ။ ဒါကြောင့်သူဘယ်လောက်တားတား အသုံးဝင်မှာမဟုတ်တော့ဘူး ။ အဲ့ဒီနောက် တဖြည်းဖြည်းဝေးကွာသွားတဲ့ ကောင်းကင်သခင်ရဲ့နောက်ကျောကိုသာ ကျောက်ရုပ်လိုတောင့်တောင့်ကြီး ရပ်ကြည့်နေမိတယ် ။

လုံဝမ်က သူနှစ်ပေါင်းများစွာနေထိုင်လာခဲ့တဲ့ အလွန်ကြီးကျယ်ခမ်းနားတဲ့ ကောင်းကင်နန်းတော်ကြီးကို ကောင်းကင်ဘုံရဲ့အပြင်ဘက်ကနေ နောက်ဆုံးအကြိမ်အဖြစ် ရပ်ကြည့်နေမိတယ် ။ 'အပြီးပိုင်နှုတ်ဆက်ခဲ့ပါတယ် ငါရဲ့မွေးရပ်မြေ' ခပ်တိုးတိုးရေရွတ်ကာ ကျောခိုင်းလို့လှည့်ထွက်လာခဲ့တယ် ။

Don't Touch My Wife !!! [ Completed ] Место, где живут истории. Откройте их для себя