ယီဝူကျီက အတွေးတွေများနေတယ် ။ သူတို့ရဲ့မိသားစုခေါင်းဆောင်က ဘာတွေစဉ်းစားနေတာလဲ? ။ ရှောင်ကျန့်ကိုမြန်မြန်ဖမ်းပြီး ယင်စွမ်းအင်စုပ်ယူသင့်တယ်လေ ။ ယီဝူကျီက အလွန်ကိုစိတ်မရှည်ဖြစ်နေတယ် ။ ရှောင်ကျန့်ဆိုတဲ့လူကို ဝမ်ရီပေါ်ရဲ့အနားမှာ ထပ်မမြင်ချင်တော့ဘူး ။ မုန်းဖို့ကောင်းလိုက်တာ!! သူလိုသခင်လေးတစ်ယောက်က ဘာမှမဟုတ်တဲ့လူတစ်ယောက်ကို ရှုံးနိမ့်ရတယ်လို့ ။ အဲ့ဒီဝမ်ရီပေါ်ဆိုတဲ့လူက တကယ်မျက်စိကန်းနေပြီ ။
" တတိယသခင်လေး ''
အနက်ရောင်ဝတ်ရုံနဲ့လူတစ်ယောက်က ယီဝူကျီရဲ့အနားကိုရောက်ရှိလာတယ် ။ အဲ့ဒီလူရဲ့လက်ထဲမှာတော့ အလွန်ရှားပါးလွန်းတဲ့ ဆေးပင်တစ်မျိုးရှိလို့နေတယ် ။ ယီဝူကျီရဲ့မျက်လုံးတွေက ထိုဆေးပင်ကိုမြင်တော့ အလွန်တောက်ပလာတယ် ။
" ကျွန်တော် တတိယသခင်လေးရဲ့စကားအတိုင်း ရှာလာခဲ့ပါပြီ ။ ဒါနဲ့သခင်လေးက ဒီဆေးပင်နဲ့ဘာလုပ်မလို့လဲဟင်? ။ ''
ယီဝူကျီက ဘာမှပြန်မပြောချေ ။ အနက်ရောင်ဝတ်ရုံနဲ့လူရဲ့လက်ထဲက ဆေးပင်ကိုဆွဲယူပြီး အရည်အသွေးတွေကို အရင်စစ်ဆေးလိုက်တယ် ။ အဲ့ဒီနောက်မှာတော့ ဝှက်ထားတဲ့ဓားကိုထုတ်ကာ တစ်ဖက်လူကိုအဆုံးသတ်ပေးလိုက်တော့တယ် ။
" ဝမ်ရီပေါ် မင်းစောင့်နေလိုက် မင်းဆိုတဲ့လူက ငါ့အပိုင်ဖြစ်လာစေရမယ် ''
တစ်ခြားတစ်ဖက်မှာတော့ ဝမ်ရီပေါ်က ကလေးတစ်ယောက်လိုမျိုး အပူအပင်မရှိနှစ်ခြိုက်စွာအိပ်မောကျနေတဲ့ ရှောင်ကျန့်ကို မျက်တောင်မခတ်တမ်းကြည့်လို့နေတယ် ။ ရှောင်ကျန့်ရဲ့နှုတ်ခမ်းလေးက သူ့ကြောင့် ဖူးယောင်ကာသွေးစို့နေပြီး လည်တိုင်ကျော့ကျော့လေးမှာလည်း အနီရောင်အမှတ်တွေကအထပ်လိုက် ။ ဝမ်ရီပေါ်ကကျေနပ်စွာပြုံးကာ ရှောင်ကျန့်ရဲ့နဖူးပေါ်က ဆံနွယ်စလေးတွေကို ဂရုတစိုက်ဖယ်ရှားပေးလိုက်တယ် ။
" ရှောင်းအပေါ် ကျွန်တော်ရဲ့ရူးသွပ်မှုက အချိန်ကြာလာတာနဲ့အမျှ ပိုပိုဆိုးလာနေပြီ ။ ကျွန်တော် ဘယ်လိုလုပ်သင့်လဲဟင်? ။ ရှောင်းကတော့ သိမှာမဟုတ်ဘူး ။ ကျွန်တော်ဘယ်လောက်အထိ ကြောက်လန့်နေလဲဆိုတာကိုပေါ့ ။ အတိတ်မှာတုန်းက ကျွန်တော်က ခွင့်လွှတ်ဖို့မဖြစ်တဲ့အပြစ်မျိုးကျူးလွန်ခဲ့တယ် ။ ဒီအကြောင်းတွေကို ရှောင်းသိသွားမှာကို ကျွန်တော်အကြောက်ဆုံးပဲ ''
ESTÁS LEYENDO
Don't Touch My Wife !!! [ Completed ]
FanficStart Date - 14 Apri 2021 End Date - 7 Mar 2022 Wang Yibo Xiao Zhan [ Both Zawgyi and Unicode ]