ဝမ်ရီပေါ်က သတိလစ်နေတဲ့ရှောင်ကျန့်ကို မျက်ရည်တွေဝဲနေတဲ့ မျက်လုံးတွေနဲ့ကြည့်လို့နေတယ် ။ ဝမ်ရီပေါ်က သူ့ကိုယ်သူအရမ်းဒေါ်သထွက်နေတယ် ။ သူ့အပေါ်သစ္စာရှိတဲ့ရှောင်ကျန့်ကို သူကဘာလို့မယုံကြည်ရတာလဲ ။ ဝမ်ရီပေါ်ကတွေးလေ ဒေါ်သတွေထွက်လာလေပဲ ။
" ကျွန်တော်ရဲ့အပြစ်တွေအတွက် ရှောင်းကိုပြန်ပေးဆပ်မှာပါ ။ ကျေးဇူးတင်ပါတယ် ကျွန်တော်ကိုဘယ်တော့မှထားမသွားခဲ့လို့ ။ နောက်ဆုံးအချိန်အထိ ကျွန်တော့်အနားမှာနေပြီး ကျွန်တော့်ကိုအဖော်ပြုပေးခဲ့လို့ ။ ကျွန်တော်အတွက် ရှောင်းအများကြီးနာကျင်ခဲ့ရပြီးပြီ ။ ဒီတစ်ခါတော့ ရှောင်းကို ကျွန်တော်ပြန်စောင့်ရှောက်ပေးမယ် ''
ဝမ်ရီပေါ်က နူးညံ့စွာဆိုလိုက်တယ် ။ အဲ့ဒီနောက်ရှောင်ကျန့်ရဲ့သွေးတွေပေနေတဲ့ အဝတ်တွေကိုချွတ်လိုက်တယ် ။ ကြာပွတ်ရာကြီးတွေက မြင်မကောင်းလိုက်အောင်ပင် ။ သွေးတွေကလည်း စီးကျနေသေးတယ် ။ ဝမ်ရီပေါ်က အသက်တောင်မရူနိုင်တော့ ။ ဘယ်လောက်တောင်နာကျင်နေမလဲ ။ ဒါတွေအားလုံးက သူ့ကြောင့်ဖြစ်ရတာ ။
ဝမ်ရီပေါ်ရဲ့လက်ချောင်းတွေက တုန်ရီနေတယ် ။ အတိတ်ကအကြောင်းတွေကို ပြန်စဉ်းစားမိတော့ ရှောင်ကျန့်ရဲ့လက်ကို တင်းနေအောင်ဆုပ်ကိုင်မိသွားတယ် ။ ရှောင်ကျန့်က အသက်ရှင်နေသေးတယ် ။ ရှောင်ကျန့်က မသေသေးဘူး ။ ရှောင်ကျန့်က သူ့အနားမှာ ။
ဝမ်ရီပေါ်က မျက်ရည်တွေစီးကျလာတယ် ။ အမှန်တော့သူက သေဆုံးခဲ့ပြီးသား ။ ဟုတ်တယ်! ဝမ်ရီပေါ်ဆိုတဲ့သူက သေဆုံးခဲ့ပြီးပြီ ။ နတ်ဘုရားတွေက သူ့ကိုသတ်ခဲ့ကြတာ ။ ဘာလို့လဲဆိုရင် သူကငရဲကိုသွားပြီး မွှေနှောက်ခဲ့လို့ပဲ ။ ငရဲက သူ့ကြောင့်ပျက်စီးခဲ့ရတယ် ။ ဒါကြောင့်ကမ္ဘာကြီးရဲ့မျှချေကပျက်စီးသွားပြီး နတ်ဘုရားတွေက သူ့ကိုသေမိန့်ချခဲ့တာ ။ နောင်တရလားဆိုရင်တော့ မရပါဘူး ။ လုံးဝနောင်တမရဘူး ။ အဲ့ဒီလိုမလုပ်ခဲ့မှ နောင်တရနေမှာ ။
ရှောင်ကျန့်ကိုသာပြန်ရမယ်ဆိုရင် သူကအကုန်လုပ်ရဲတယ် ။ ဒါပေမဲ့ရှောင်ကျန့်ရဲ့ဝိညာဉ်က ရှာလို့မရလောက်အောင်ပင် ပျက်စီးသွားခဲ့ပြီ ။ သေမင်းကတောင်မှ သူရဲ့ကမ်းလှမ်းမှုကို လက်မခံနိုင်ခဲ့ဘူး ။ သူရဲ့ဝိညာဉ်ကိုပေးမယ်ဆိုတာတောင်မှ ငြင်းဆန်ခဲ့တယ် ။ ဒါကြောင့်ငရဲကိုသွားပြီး အဲ့ဒီမှာချုပ်နှောင်ထားတဲ့ ဝိညာဉ်တွေကိုလွှတ်ပေးခဲ့တယ် ။ ဒါတွေအားလုံးက ရှောင်ကျန့်ကြောင့်ပဲ ။
BẠN ĐANG ĐỌC
Don't Touch My Wife !!! [ Completed ]
FanfictionStart Date - 14 Apri 2021 End Date - 7 Mar 2022 Wang Yibo Xiao Zhan [ Both Zawgyi and Unicode ]