''15''

9.4K 1.2K 7
                                    

ဝမ်ရီပေါ်က လူသေကောင်လိုမျိုး မျက်နှာတစ်ခုလုံးဖြူစုပ်နေတဲ့ ဝမ်ကျောက်ရန်ကို အားရကျေနပ်စွာကြည့်လို့နေတယ် ။ သူ့အဖေက ကျောက်ချင်းလျန်ဆိုတဲ့မိန်းမကို တစ်ခါတည်းသတ်ပစ်မယ်လို့မထင်ထားခဲ့ဘူး ။ သူရဲ့နဂိုအစီအစဉ်တွေက အဲ့ဒီမိန်းမကိုအရှက်ခွဲပြီး ဝမ်အိမ်တော်ကနေနှင်ထုတ်ဖို့ဖြစ်တယ် ။ ပြီးမှအဲ့ဒီမိန်းမနောက်လိုက်သွားပြီး တစ်ခါတည်းသတ်ပစ်မယ်လို့ပေါ့ ။ အခုအခြေအနေက သူထင်ထားတာထက် အများကြီးအဆင်ပြေနေတာပဲ ။

ကျောက်ချင်းလျန်က ဝမ်အိမ်တော်ကိုသစ္စာဖောက်ခဲ့ပေမဲ့ သူ့အဖေရဲ့နောက်ကွယ်မှာတော့ မဖောက်ပြန်ဖူးဘူး ။ ဒါပေမဲ့သူရဲ့ဒုတိယအစီအစဉ်အတွက် အခုလိုဖြစ်သွားအောင် တမင်ထောင်ချောက်ဆင်ခဲ့တာ ။ ကျောက်ချင်းလျန်နဲ့ဖေးယီခွန်းက ဘာမှမပတ်သတ်ဘူး ။ သူက အဲ့ဒီနှစ်ယောက်ကိုဆေးခတ်ပြီး တမင်အကောက်ကြံခဲ့တာ ။ ဖေးယီခွန်းနဲ့ဖေးအိမ်တော်ကလည်း ဝမ်အိမ်တော်အပေါ်မှာ အကြွေးတွေတင်နေတယ်မဟုတ်ပါလား ။

သူရဲ့အရင်ဘဝမှာ သူ့အဖေက ဖေးယီခွန်းစီသွားပြီး အကူအညီတောင်းခဲ့ပေမဲ့ ရိုက်နှက်ကန်ကျောက်ပြီး ​ခွေးတစ်ကောင်လိုမျိုး ခြံပြင်ကိုနှင်ထုတ်ခံခဲ့ရတယ် ။ ဖေးယီခွန်းဆိုတာက သူ့အဖေထောက်ခံပေးလို့ ပညာရေးဝန်ကြီးဖြစ်လာတဲ့လူ ။ ဒါပေမဲ့အဲ့ဒီလူကတော့ ​ကျေးဇူးကန်းခဲ့တယ်လေ ။ သူကခွင့်လွှတ်ပေးစရာလား? ။ ယူစရာရှိတာ အကုန်ပြန်ယူရမှာပေါ့ ။ တစ်ယောက်မှအလွှတ်မပေးဖို့ ကျိန်ဆိုခဲ့ပြီးပြီ ။

ဧကရာဇ်ထျန်က ဒီကိစ္စရဲ့နောက်ကွယ်မှာ တစ်ယောက်ယောက်ရှိနေမှန်း သံသယဝင်နေတယ်ဆိုတာလည်းသိတယ် ။ ဘာလို့လဲဆိုတော့ အဲ့ဒီလိုဖြစ်အောင် သူကိုယ်တိုင်ပဲလုပ်ခဲ့တာ ။ ဝမ်အိမ်တော်ကို ကာကွယ်ပေးနေတဲ့လူရှိတယ်လို့ တမင်အသိပေးထားတာဖြစ်တယ် ။ သူ့ကိုမိသွားမှာ မစိုးရိမ်ဘူးလားမေးရင်တော့ လုံးဝကိုမစိုးရိမ်ဘူး ။ သူပါးစပ်ကနေ သူကိုယ်တိုင်ထုတ်မပြောသ၍ ဘယ်သူကမှ ဒီအရှုပ်တော်ကြီးရဲ့နောက်ကွယ်ကတရားခံက သူဆိုတာသိမှာမဟုတ်ဘူး ။ သဲလွန်စသေးသေးလေးတောင် ရှာလို့တွေ့မှာမဟုတ်ဘူး ။

Don't Touch My Wife !!! [ Completed ] Where stories live. Discover now