''17''

9.2K 1.2K 7
                                    

ရှောင်ကျန့်က သူ့ကိုကလေးတစ်ယောက်လို ​ပွေ့ပိုက်ထားတဲ့ ဝမ်ရီပေါ်ကြောင့် စိတ်ထဲကနေအကြိမ်ကြိမ်သက်ပြင်းချမိတယ် ။ ဝမ်ရီပေါ်ရဲ့သူ့အပေါ်စွဲလမ်းမှုက တစ်နေ့ထက်တစ်နေ့ပိုများလာပြီး သူ့ကိုပိတ်လှောင်ထားလို့ရရင် ပိတ်လှောင်ထားနိုင်တဲ့ အခြေအနေအထိကိုဖြစ်နေပြီ ။ သူရဲ့ဘယ်အရာကများ ဝမ်ရီပေါ်ကို ဒီလောက်အထိရူးသွပ်စေခဲ့တာလဲ ။ နောက်ပြန်လှည့်လို့ရော ရပါအုံးမလား ။ ဟင့်အင်း! မရလောက်ဘူး ။ ဝမ်ရီပေါ်က သူ့ကိုထွက်သွားခွင့်ပေးမှာမဟုတ်ဘူး ။

" ဝမ်လေး ကိုကိုအရမ်းအိုက်နေပြီ ။ လွှတ်ပေးတော့လေ အဝတ်လဲရအုံးမယ် ''

" ဟင့်အင့်! မလဲ​သေးနဲ့အုံး ။ ကျွန်​တော်ကိုခဏလောက် ဒီအတိုင်းလေးဖက်ထားခွင့်ပေး ''

" ဒါပေမဲ့.... ''

" ရှူး! ရှောင်းစီက ကြာပန်းနံ့လေးရတယ် ။ အရမ်းမွှေးတာပဲ ''

ဝမ်ရီပေါ်က ရှောင်ကျန့်ရဲ့သေးသွယ်တဲ့ခါးလေးကို သူရဲ့လက်ကြီးတွေနဲ့ဖက်ကာ လည်တိုင်ကျော့ကျော့လေးကိုနမ်းရှိုက်လို့ အပန်းဖြေနေမိတယ် ။ တစ်သက်လုံးဒီအတိုင်းလေးနေသွားလို့ရရင် ဘယ်လောက်တောင်ကောင်းလိုက်မလဲ? ။ ရှောင်ကျန့်ကိုခေါ်ပြီး ဘယ်သူမှမရှိတဲ့နေရာကိုထွက်သွားချင်ပေမဲ့ ရှောင်ကျန့်ရဲ့ရောဂါကို အရင်ကုသပေးဖို့လိုအပ်တာကြောင့် လူတွေကြားထဲလျှောက်သွားနေရတာ ။

" ရီပေါ်  ရပ်.. ရပ်တော့ အာ့! "

ရှောင်ကျန့်က သူရဲ့လည်ပင်းသားတွေကို လျှာနဲ့လျက်နေတဲ့ဝမ်ရီပေါ်ကြောင့် ပြာယာခတ်သွားတယ် ။ ဒီလိုမျိုးထုပ်လုပ်ပြန်ပြီ ။ ရှောင်ကျန့်က သူရဲ့သေးငယ်တဲ့လက်လေးနှစ်ဖက်နဲ့ ဝမ်ရီပေါ်ရဲ့ရင်ဘတ်ကျယ်ကြီး ထုရိုက်ကာတွန်းထုတ်လို့နေတယ် ။ ဒါပေမဲ့လည်း သူ့လိုနေမကောင်းဖြစ်နေတဲ့ လူတစ်ယောက်ရဲ့အားက ဘယ်လောက်ထိသန်မာမှာဟုတ်လို့လဲ ။ ဝမ်ရီပေါ်အတွက် အယားတောင်မပြေပေ ။

" မရုန်းနဲ့ ''

ဝမ်ရီပေါ်က အက်ကွဲနေတဲ့အသံကြီးနဲ့ဆိုလာတယ် ။ ရှောင်ကျန့်က တိကနည်းငြိမ်ကျသွားပြီး မျက်လုံးတွေကိုမှိတ်ချပစ်လိုက်တယ် ။ သူ ဝမ်ရီပေါ်ကိုမကြည့်ရဲဘူး ။ သူ့ကိုဝါးမြိုမတက်ကြည့်နေမဲ့ တောက်လောင်နေတဲ့မျက်ဝန်းတွေနဲ့ ရင်မဆိုင်ရဲဘူး ။ အခုတောင်မှသူရဲ့ခန္ဓာကိုယ်က ဝမ်ရီပေါ်ကိုတုန့်ပြန်ချင်နေတာ ။ ဝမ်ရီပေါ်ကိုကြည့်မိသွားရင် သူဘက်ကလည်းစိတ်ပါလာလိမ့်မယ် ။

Don't Touch My Wife !!! [ Completed ] Donde viven las historias. Descúbrelo ahora