လျိုချင်းယန်က ဝမ်ရီပေါ်ရဲ့အကြည့်တွေကြောင့် စိတ်မသက်မသာဖြစ်လာတော့တယ် ။ ဝမ်ရီပေါ်က သူ့ကိုသတ်ချင်နေတယ်လို့ခံစားနေရတယ် ။ ဘာလို့လဲ? ။ ဝမ်ရီပေါ်က သူ့ကို ဘာကြောင့်သတ်ချင်နေရတာလဲ? ။ အကြောင်းပြချက်ကို ရှာလို့မတွေ့ဘူး ။ လျိုချင်းယန်က ဝမ်ရီပေါ်ရဲ့မျက်လုံးတွေကို ထပ်မကြည့်ဖို့ဆုံးဖြတ်လိုက်တယ် ။ အဲ့ဒီမျက်လုံးတွေက နတ်ဆိုးတစ်ကောင်ရဲ့မျက်လုံးတွေအတိုင်းပဲ ။ အလွန်ကြောက်ဖို့ကောင်းတယ် ။
ဝမ်ရီပေါ်က သူရဲ့အနားကိုရောက်လာပြီး ရှောင်းကျန့်ဆိုတဲ့အကိုကြီးကို လက်ကနေဆွဲကာထွက်သွားတော့တယ် ။ သူ့ကိုလည်း သတိပေးသလိုမျိုး တစ်ချက်လှည့်ကြည့်သွားတယ် ။ လျိုချင်းယန်က အဓိပ္ပါယ်ဖော်ရခက်တဲ့မျက်လုံးတွေနဲ့ ဝမ်ရီပေါ်ရဲ့နောက်ကျောကို ကြည့်လို့နေတယ် ။ ရှောင်းကျန့်ဆိုတဲ့အကိုကြီးနဲ့ ဝမ်ရီပေါ်ဘာတွေလဲ? ။
" ချင်းယန် မင်းက ဒီမှာလာရပ်လုပ်နေတာလဲ? "
" ကျောက်ရန် ''
လျိုချင်းယန်ရဲ့အတွေးတွေက ကျောက်ရန်ရဲ့အသံကြောင့်ပြတ်တောက်သွားတယ် ။
" ဘာဖြစ်နေတာလဲ? မျက်နှာက မပျော်မရွှင်နဲ့ ''
" ကျောက်ရန် မင်း ရှောင်းကျန့်က ဘယ်သူလဲဆိုတာကိုသိလား? "
" ဒါဆိုရင်ငါ့ရဲ့ဒုတိယအကိုနဲ့ တွေ့ပြီးပြီပေါ့ ''
" အင်း ။ ဝမ်ရီပေါ်က အရင်ကနဲ့သိပ်မတူတော့သလိုပဲ ။ မင်း သူ့ကို သတိထားသင့်တယ် ။ ''
" အဲ့ဒီလောက်ထိလည်း မလိုပါဘူး ။ မင်းအတွေးများနေပြီ ''
" ဘာပဲဖြစ်ဖြစ် သတိထားသင့်တယ် ။ ''
" အင်းပါ ။ ဒါနဲ့မင်းက ဘယ်လိုလုပ်ပြီး ရှောင်းကျန့်ကိုပါသိနေရတာလဲ? "
" ငါ သူ့ကိုဝင်တိုက်မိသွားတာ ။ ပြီးတော့သူ့ကြည့်ရတာ နေသိပ်မကောင်းတဲ့ပုံပဲ ။ မျက်နှာကလည်း ဖြူဖပ်ဖြူလျော့နဲ့ ''
" သူက သနားဖို့ကောင်းတယ် ။ ငါရဲ့ဒုတိယအကိုက သူ့ကိုအမြဲနှိပ်စက်နေတာ ။ လွန်ခဲ့တဲ့တစ်လလောက်ကပဲ သူရဲ့သိုင်းပညာတွေက ဖျက်စီးခံလိုက်ရတယ် ။ ပြီးတော့မသေမရှင်ဖြစ်တဲ့အထိ အရိုက်လည်းခံခဲ့ရသေးတယ် ။ ဒါကြောင့်နေမကောင်းတဲ့ပုံစံ ဖြစ်နေတာပဲနေမယ် '
![](https://img.wattpad.com/cover/239115278-288-k879329.jpg)
STAI LEGGENDO
Don't Touch My Wife !!! [ Completed ]
FanfictionStart Date - 14 Apri 2021 End Date - 7 Mar 2022 Wang Yibo Xiao Zhan [ Both Zawgyi and Unicode ]