ရှေးဟောင်းမှတ်တမ်းတွေအရဆိုရင် ရေသူမပုလဲလုံးက ရေသူမဘုရင်ရဲ့နှလုံးသားကနေ ဖြစ်တည်လာတဲ့ နှလုံးသွေးစက်လို့ ယူဆလို့ရတယ် ။ ရေသူမဘုရင်ဟာ သူမရဲ့သစ္စာမရှိတဲ့ လူသားချစ်သူကို မေ့ပျောက်ပစ်ချင်တဲ့အတွက် သူမရဲ့နှလုံးကို ခန္ဓာကိုယ်ထဲကနေထုတ်ကာ ပင်လယ်ထဲလွှင့်ပစ်ခဲ့တယ် ။ လွင့်ပစ်ခံလိုက်ရတဲ့နှလုံးက အချိန်တွေကြာလာတဲ့အခါမှာတော့ ပုလဲလုံးတစ်လုံးအဖြစ် ပြောင်းလဲသွားကာ အထွတ်အမြတ်ရတနာတစ်ခု ဖြစ်လာခဲ့တော့တယ် ။
ကောင်းကင်မင်းကြီးက သားဖြစ်သူကို ထိန်းချုပ်ဖို့အတွက် ရေသူမပုလဲလုံးကို မြောက်ပိုင်းပင်လယ်ဘုရင်စီကနေ အတင်းအကြပ်လုယူခဲ့တယ် ။ မြောက်ပိုင်းပင်လယ်ဘုရင်က မကျေနပ်ပေမဲ့လည်း ငြင်းဆန်ဖို့ခွန်းအားမရှိပေ ။ ကောင်းကင်ဘုံရဲ့အုပ်ချုပ်သူကို သူတို့က ဘယ်လိုလုပ်အာခံရဲမှာလဲ? ။ အဲ့တာကြောင့်မို့ သူတို့ပင်လယ်ရေသူမျိုးနွယ်စုရဲ့ အထွတ်အမြတ်ရတနာဖြစ်တဲ့ ရေသူမပုလဲလုံးကို ကောင်းကင်မင်းကြီးထံ ဆက်သလိုက်ရတော့တယ် ။
ကောင်းကင်မင်းကြီးက ရေသူမပုလဲလုံးကိုရရှိတာနဲ့ သူရဲ့အကြံတွေကို စတင်အကောင်အထည်ဖော်တော့တယ် ။ သူက ပုလဲလုံးကို သားဖြစ်သူရဲ့ခန္ဓာကိုယ်ထဲ အတင်းအကြပ်ထည့်ကာ သားဖြစ်သူရဲ့စိတ်ခံစားချက်နဲ့ မှတ်ညဏ်တွေကို ဖျက်စီးပစ်ခဲ့တဲ့အပြင် မှတ်ညဏ်တုတွေပါ ထပ်မံဖန်တီးပြီး ထင်ယောင်ထင်မှားတွေ ဖြစ်စေခဲ့တယ် ။ သူက သူရဲ့သားကို ယောကျာ်းတစ်ယောက်နဲ့သဘောမတူနိုင်ဘူး ။
" ဘာလို့လဲ! ဘာလို့ဒီလိုလုပ်ရတာလဲ!! ကျွန်တော်က ခမည်းတော်ရဲ့သားပါ ဘာကြောင့်များ ကျွန်တော်အပေါ် ဒီလိုလုပ်နိုင်ရတာလဲ? အခုတော့...အခုတော့ အား!! "
လုံဝမ်က အရူးတစ်ယောက်လိုမျိုး အော်ဟစ်သောင်းကြမ်းလို့နေတယ် ။ ရှောင်းအာက သေသွားပြီ! သူရဲ့ရှောင်းအာက သူကြောင့်သေသွားပြီ ။
ကောင်းကင်မင်းကြီးက သူ့ကို မုန်းတီးစွာစိုက်ကြည့်နေတဲ့ သားဖြစ်သူရဲ့အကြည့်တွေကြောင့် အပြစ်ရှိသလိုခံစားနေတယ် ။ သူကိုယ်တိုင်လည်း ဒီလိုတွေဖြစ်လာမယ်လို့မှမထင်ခဲ့ပဲ ။ အခုတော့ကိစ္စတွေက သူထင်ထားတာထက်တောင် ရှုပ်ထွေးသွားခဲ့ပြီ ။

أنت تقرأ
Don't Touch My Wife !!! [ Completed ]
أدب الهواةStart Date - 14 Apri 2021 End Date - 7 Mar 2022 Wang Yibo Xiao Zhan [ Both Zawgyi and Unicode ]