''52''

6.8K 842 18
                                    

[ Warning: This chapter is 🌚🌚🌚 ]

ဝမ်ရီပေါ်က ​ရှောင်ကျန့်ရဲ့အကြောင်းကို ​တွေးနေတုန်းမှာပဲ ရှောင်ကျန့်က ရောက်ရှိလာတယ် ။ နီရဲနေတဲ့မျက်နှာလေးနဲ့ ချွေးစေးတွေထွက်တဲ့ နဖူးပြင်လေးက ဝေဒနာတစ်ခုခုကို ခံစားနေရတဲ့လား? ။ ဝမ်ရီပေါ်က မျက်ခုံးတွေတွန့်ချိုးသွားတယ် ။ ရှောင်းက တစ်ခုခုဖြစ်နေတယ် ။

" ရှောင်း "

" ဝမ်.. ဝမ်ရီပေါ် ''

ရှောင်ကျန့်က သတိပြန်ရ​နေတဲ့ဝမ်ရီပေါ်ကြောင့် မျက်လုံးလေးတွေဝိုင်းစက်သွားတယ် ။ ဘယ်လိုလုပ်.. ဘယ်လိုလုပ်ပြီးသတိရှိနေတာလဲ? ။ သူထွက်မသွားခင်တုန်းက သေချာပေါက်ဆေးတိုက်ခဲ့တာပါ ။ မဟုတ်မှလွဲရော အဲ့ဒီကလေးနှစ်ယောက်ရဲ့လက်ချက်လား? ။ ရှောင်ကျန့်က သူရဲ့မွေးစားကလေးနှစ်ယောက်ကို စိတ်ထဲကနေကြိမ်းမောင်းလို့နေတယ် ။ သူ.. သူ ဝမ်ရီပေါ်နဲ့ မျက်နှာချင်းမဆိုင်ရဲဘူး ။ ဝမ်ရီပေါ်ပြောလာမဲ့စကားတွေကိုလည်း နားမထောင်ရဲဘူး ။

ဝမ်ရီပေါ်က သူ့ကိုကာကွယ်ဖို့အတွက် အများကြီးနာကျင်ခဲ့ပြီး ဒဏ်ရာတွေလည်းရခဲ့တယ် ။ဒါ​ပေမဲ့သူကတော့ တစ်ချက်လေးတောင် လှည့်မကြည့်ခဲ့ဘူး ။ ဝမ်ကောကောမဟုတ်ရင်မဖြစ်ဘူးဆိုပြီး အဝေးကိုထွက်ပြေးသွားခဲ့တယ် ။ သူရဲ့နှလုံးသားကိုပိတ်လှောင်ထားပြီး ခေါင်းမာခဲ့တယ် ။ ရှောင်ကျန့်က အပြစ်ရှိသလိုခံစားနေတယ် ။ ဒါပေမဲ့လည်း သူလက်မလွှတ်နိုင်ဘူး ။ အဲ့တာကြောင့်မို့ ဝမ်ရီပေါ်ကို သူရဲ့ပိုင်နက်ထဲခေါ်လာခဲ့ပြီး အခုလိုမျိုးချုပ်နှောင်ထားရတော့တာပဲ ။

" ရှောင်း မင်းအဆင်ပြေရဲလား? "

ဝမ်ရီပေါ်က မျက်နှာပျက်သထက်ပျက်လာတဲ့ ရှောင်ကျန့်ကြောင့် စိုးရိမ်စိတ်တွေမြင့်တက်လာတယ် ။ အဲ့တာကြောင့်မို့ ရှောင်ကျန့်ရဲ့အနားကို မသိမသာချည်းကပ်ရင်း ဆိုလိုက်တယ် ။

အာရုံတွေများနေတဲ့ရှောင်ကျန့်က ဝမ်ရီပေါ်ရဲ့ချည်းကပ်လာမှုကို သတိမထားမိခဲ့ချေ ။ သူသတိထားမိတဲ့အချိန်မှာတော့ ဝမ်ရီပေါ်က သူ့ရဲ့အနားကိုတောင်ရောက်နေပြီ ။ လန့်ဖြတ်သွားတဲ့ရှောင်ကျန့်က ချက်ခြင်းပဲနောက်လှည့်ကာ ထွက်ပြေးဖို့ပြင်တော့တယ် ။ ဒါပေမဲ့လည်း ဝမ်ရီပေါ်ကို အဲ့ဒီလိုလုပ်လို့ရမယ်တဲ့လား? ။

Don't Touch My Wife !!! [ Completed ] Where stories live. Discover now