1

2.1K 142 9
                                    

24th June,

" Happy Birthday To My Precious !
မွေးနေ့မှာပျော်ရွှင်ပါစေ မေ့မေ့သားငယ် "

မွေးနေ့ကိတ်လေးထက် ဆောနူ 14နှစ် ဆိုတဲ့ စာတန်းလေး၊မွေးနေ့ရှင်လေးရဲ့မျက်နှာထက်ကြည်ကြည်ရှင်းရှင်းအပြုံးလေးများနေရာယူနေကြသည်။ပါးဖောင်းလေးများမို့တက်အောင်ပြုံးနေသောမွေးန့ရှင်လေးရယ်ပါ။မျက်လုံးလေးနှစ်ဖက်ကလည်းမှိတ်ကျနေသည်အထိ။

" Happy Birthday ပါ ဖေဖေ့သားငယ် "

" ကျေးဇူးပါ ဖေဖေနဲ့မေမေ "

" Happy Birthday ဝက်ပေါက် "

" ဆောင်းဟွန်း !!!!! "

" ကိုကို့ ကိုအဲ့လိုမခေါ်ရဘူးလို့မေမေပြောထားတယ်လေ သားငယ် "

မွေးနေ့ကိတ်လေးအား ဆောနူ အိပ်ယာဘေးက စားပွဲခုံလေးပေါ်နေရာချရင်း ဒေါ်ဆောင်းသဇင် ဆောနူအား ဝင်ဟန့်လေသည်။

တပြက်ပြက်နဲ့လျှာထုတ်ပြောင်ပြနေသော ဆောင်းဟွန်းရယ်ပါ။မျက်နှာကိုကပိတ်ထိုးချင်စရာဒီလိုကောင်နဲ့ဘာကြောင့်ညီကိုလာ‌တော်နေရသလဲဆိုတာစဉ်းစားမရ။

" မွေးနေ့မှာစိတ်မတိုရဘူး ဝက်ပေါက်ရ "

" သားကြီး ညီလေးကိုမစနဲ့လေ မင်းကိုကလည်းမဟုတ်တာ ကလေးကိုမစစမ်းနဲ့ "

ဒေါ်ဆောင်းသဇင်ကသာ သားနှစ်ယောက်အားတလှည့်စီဟန့်နေသော်လည်း၊ဦးကောင်းမြတ်မှာ‌တော့သားနှစ်ယောက်အား
ပြုံးပြုံးလေးသာကြည့်နေသည်။

" ကဲ ဆုတောင်းလိုက်အုံး သားငယ် "

ဦးကောင်းမြတ်ရဲ့သတိပေးသံစကားအဆုံးမှာလက်အုပ်လေးချီကာဆုတောင်းနေသော ကလေးငယ်အား ပြုံး၍ကြည့်နေသောသူသုံးယောက်။အခန်းလေးထဲတိတ်ဆိတ်ငြိမ်သက်နေပေမဲ့ စိတ်ထဲမှာ‌တော့အပျော်ကိုယ်စီနဲ့ရယ်ပါ။

" ဘာဆုတောင်းလဲ ဝက်ပေါက် "

ဆောနူ သည် ဆောင်းဟွန်းအား ရန်လိုသောမျက်စောင်းတစ်ခုကဖြင့်သာအဖက်လုပ်ပါသည်။

" ဆောင်းဟွန်း ညီလေးကိုမစနဲ့ "

" ဘာဆုတောင်းလည်း ‌မေးတာပါ မေမေရဲ့ "

" ငါ့ကိုဝက်ပေါက်လို့မခေါ်နဲ့လို့ပြောထားတယ်လေ "

" ဝက်ပေါက်မလို့ ဝက်ပေါက်လို့ခေါ်တာလေကွာ "

ကိုယ့်နေကြာ ( Completed )Where stories live. Discover now