24

771 72 6
                                    

December 8th ,

ဒီနေ့ ဆောင်းဟွန်းရဲ့ မွေးနေ့ဖြစ်တာမို့ ဆောနူ ရော ဆောင်းဟွန်း ရောမေမေတို့အိမ်တွင်ဖြစ်သည်။မနက်ခင်းပိုင်း မိသားစုလိုက်ဘုရားသွားမှာဖြစ်ပီး နေ့လည်ပိုင်းမှာ‌တော့ မိဘမဲ့ ဂေဟာလေးသို့သွားရောက်လှူဒါန်းကာကုသိုလ်ပြုကြမှာဖြစ်သည်။

" မေမေ ပြီးပီလား "

" ပြီးပါပီရှင် "

ဆောင်းဟွန်းရောဆောနူရောဖေဖေရောဘုရားသွားရန်အဆင်သင့်ဖြစ်နေပေမဲ့မေမေကတော့မပီးသေးတာမို့စောင့်နေကြခြင်းဖြစ်သည်။

" ကဲ သွားကြစို့ "

ထို့နောက်မှာတော့မိသားစုလေးယောက်လုံးဘုရားသို့သွားကြတော့သည်။

" မေမေတရားခဏထိုင်အုံးမယ် သားတို့ "

" ဟုတ်ကဲ့ မေမေ "

မေမေက တနင်္ဂနွေထောင့်မှာတရားထိုင်နေတာဖြစ်ပီးဖေဖေကရောဘုရားဝတ်ပြုပီးမေမေ့နားမှာပုတီးစိပ်နေသည်။
ဘာမှလုပ်စရာမရှိသည်က သူနဲ့ဆောနူပင်။နှစ်ယောက်လုံးက
ဟိုတနေ့ကရန်ဖြစ်ထားတဲ့ကိစ္စနဲ့ပတ်သက်ပီးခပ်စိမ်းစိမ်းဖြစ်နေသေးသည်။

ဒါကြောင့် မေမေတို့ကိုထိုင်စောင့်နေပေမဲ့ခပ်ခွာခွာသာထိုင်နေဖြစ်သည်။ဆောနူကစကားပြောချင်နေတာလားဘာလားမသိ
ဆောင်းဟွန်းကိုကားပေါ်မှာကတည်းကတစ်ချက်တစ်ချက်လှမ်းလှမ်းကြည့်တာကို ဆောင်းဟွန်းမျက်လုံးထောင့်ကနေမြင်နေရသည်။။ဒါပေမဲ့ ဆောင်းဟွန်းကတော့တစ်ချက်မှလှည့်မကြည့်ဖြစ် သူဆောနူကိုစိတ်ဆိုးမပြေသေးပေ။ခုတလောအိမ်ပြန်နောက်ကျတာမျိုးမရှိတော့ပေမဲ့ သူစိတ်မပြေသေးပါ။

ဂျက်နဲ့လည်းအခုတလောအတူတူတွဲတွေ့ရတာမျိုးမရှိတော့။cafe ဆိုင်ကိုတခါခါသွားချောင်းပေမဲ့လည်း ဆောနူကို ထို cafe ဆိုင်တွင်မတွေ့ရတော့‌ပေ။ထို့ကြောင့်အနည်းငယ်စိတ်အေးရသော်လည်း အပူကတော့နည်းနည်းကျန်သေးသည်။

ခဏနေတော့ မေမေရောဖေဖေရောဘုရားဘက်ကနေပြန်ထွက်လာကြသည်။ကိုယ်စီကားပေါ်ပြန်တက်ကာ မိဘမဲ့ဂေဟာသို့တခါတည်းသွားကြမည်ဖြစ်သည်။

ကိုယ့်နေကြာ ( Completed )Where stories live. Discover now