2SUN ကုမ္ပဏီရှေ့သို့ ဂရင်းတို့ကားလေးထိုးဆိုက်သွားသည်။အဲလက်စ်က အခုထိမအားလပ်သေးတာမို့ ဂရင်းနဲါဒယ်ဒီပဲရောက်လာရခြင်းဖြစ်သည်။
ကားပါကင်တွင် ကားကိုရပ်ကာ ကုမ္ပဏီထဲသို့ သားဖနှစ်ယောက်ဝင်လာခဲ့ဝော့သည်။ဝန်ထမ်းတွေအားလုံးက ဂရင်းကိုရင်းနှီးနေပီးသားဖြစ်တာမို့ ဆောင်းဟွန်းရုံးခန်းရှေ့သို့သာတန်းတန်းမတ်မတ်လျှောက်လာခဲ့တော့သည်။
" ဆောင်းဟွန်း အမတို့နဲ့တွေ့ဖို့အားလားညီမလေး "
ရုံးခန်းရှေ့က အတွင်းရေးမှူးမလေးအားဂရင်းမေးလိုက်သည်။
" မအားသေးဘူး မဂရင်း ဧည့်သည်တစ်ယောက်နဲ့စကားပြောနေပါတယ်ရှင့် ထိုင်စောင့်ပေးကြပါအုံးရှင့်"
အတွင်းရေးမှူးမလေးက ဂရင်စတို့ကိုထိုင်စောင့်ဖို့နေရာပေးကာထွက်သွားသည်။
" အအေးလေးသုံးဆောင်ပါအုံးရှင် "
" ကျေးဇူး ညီမလေး "
ဟွန်းဂျယ် စိတ်လှုပ်ရှားနေမိသည်။ဟုတ်မဟုတ်မသေချာပေမဲ့သူထိုရုံခန်းထဲဝင်ရမှာတော်တော်ကြိစိတ်လှုပ်ရှားနေမိတာပင်။
" ဒယ်ဒီ စိတ်လှုပ်ရှားနေလား "
" နည်းနည်းပါ
မသေချာတော့ ဒယ်ဒီလည်းအများကြီးမမျှော်လင့်ရဲဘူး "ဂရင်းကအပြုံးတစ်ခုအားပေးလာသည်။ဂရင်းကို ထိုအကြောင်းတွေ ဟွန်းဂျယ်ပြောပြထားတာမို့ ဂရင်းကထိုသို့မေးခြင်းပင်။
ခဏကြာတော့ ဧည့်သည်တစ်ယောက်နဲ့အတူ ဆောင်းဟွန်းရုံးခန်းထဲကထွက်လာသည်။ဂရင်းတို့ကိုတွေ့တော့ ပြုံးပြကာဂရင်းတို့ဘက် လျှောက်လာသည်။
" မ ဂရင်း ဒီနေ့အစောကြီးရောက်လာပါလားဗျ "
Project က မနက် 11 နာရီလောက်မှသွားရမှာမို့ ဆောင်းဟွန်း ဂရင်းအားထိုသို့မေးလိုက်ခြင်းပင်။
" ဒယ်ဒီ က project ကိုလိုက်ပီးလေ့လာချင်တယ်ဆိုလို့ပါ အမ ဒယ်ဒီနဲ့ဆောင်းဟွန်းကိုလည်းမိတ်ဆက်ပေးချင်လို့ "
" ဟုတ်ကဲ့ အမ အခန်းထဲကြွပါဗျ "
ဟွန်ဂျယ် စိတ်ထဲဝမ်းသာလှိုင်းလေးဖြတ်ပြေးသွားရသည်။ဆေညင်းဟွန်းကညအစ်ကိုကောင်းမြတ်နဲ့တကယ်တူတာပင်။ရုပ်ရည်ရော စကားပြောဆိုပုံရောကတထေရာတည်းမို့ အစ်ကိုကောင်းမြတ် သားဆိုတာသေချာသလောက်ရှိနေပီဖြစ်သည်။