" မောင် ... "
ကန်တင်းတွင်ထိုင်နေသူနှစ်ဦးအနက်တစ်ဦးမှာတော့ခပ်ငေးငေးဖြင့်တွေတွေလေးဖြစ်နေသည်ကို၊တစ်ဦးကအသံပေးကာသတိပေးရသည်။
" အင် .. ဟင် နိုရာပြောလေ .. "
" မောင်ဘာတွေစဉ်းစားနေတာလဲ... နိုရာခေါ်နေတာတစ်ခွန်းမကတော့ဘူး မောင် ... "
" အာ Sorry မောင်နည်းနည်းအတွေးလွန်နေလို့ ... "
မောင့်မျက်နှာကြည့်ရတာလည်းစိတ်မပါသလိုခပ်ဆွေးဆွေးရယ်။မတွေ့ရတာကြာပီဖြစ်တဲ့အတောတွင်းမောင်ဟာအရင်နဲ့လုံးဝမတူတော့ပေ။မတွေ့အောင်ရှောင်နေသလားဟုမေးလိုက်ချင်ပေမဲ့ သူမ မမေးရဲပေ။ဟုတ်တယ်ဟုဖြေလာမှာထက် နှစ်သိမ့်စကားဆိုလာမှာကိုသူမကြောက်သည်။မောင့်အကြောင်းကို သူမ မသိတာမဟုတ် ။ မောင်ကမိန်းကလေးတွေထည်လဲတွဲတတ်သူတစ်ယောက်။သူမ နဲ့အရှည်ကြာဆုံးဖြစ်နေပေမဲ့ နောက်တစ်ယောက်များထပ်တွေ့နေခဲ့လျှင် သူမရင်ကျိုးရပေအုံးမည်။သူမ ဘဝမှာ မက်မက်မောမောနဲ့လိုလိုချင်ချင်ပိုင်ဆိုင်ချင်ဖူးတာဆိုလို့ မောင်တစ်ယောက်သာရှိသည်။သူမ မောင့်ကိုအဆုံးရှူံးမခံနိုင်လောက်အောင်ချစ်မိနေခဲ့ပီ။
" နိုရာ့ကိုရော တွေ့ချင်ရဲ့လား မောင် ... "
" မဟုတ်တာနိုရာရယ် .. ကိုယ့်ချစ်သူကိုဘယ်သူကမတွေ့ချင်ပဲနေပါ့မလဲ .. အစောကမောင်ခဏအတွေးများသွားရုံပါ ..."
နိုရာ့အား နှစ်သိမ့်ခြင်းမမည်တဲ့မုသားနှစ်သိမ့်စကားကိုဆိုမိသည်။တကယ်လည်းသူနိုရာ့ကိုမှမတွေ့ချင်ခဲ့ပဲ။ဒါပေမဲ့ သူမက ယခုအချိန်မှာ သူရဲ့ ချစ်သူမိန်းကလေးမဟုတ်လား။မျက်နှာလွှဲကဲပစ်လည်းသူမလုပ်ချင်ပေ။ နိုရာ့ကိုအားနာပါသည်။
" တကယ် မောင်မအားလို့ နိုရာ့ကိုလာမတွေ့ဖြစ်တာပါ .. စိတ်မဆိုးနဲ့နော် .. "
နိုရာ့လက်ကလေးအားဆွဲကိုင်ကာ နှစ်သိမ့်ရပြန်သည်။တကယ်ပဲ ဆောင်းဟွန်းစိတ်တွေလေးလံထိုင်းမှိုင်းနေခဲ့ပါသည်။
" မောင်ကဟန်မဆောင်တတ်ပဲဟန်ဆောင်နေပြန်ပီ ... နိုရာပြန်တော့မယ် မောင် .. ခုချိန်မှာ နိုရာလည်းမောင်နဲ့အတူမရှိချင်တော့ဘူး ... နောက်မှထပ်တွေ့မယ် မောင် ... "