ကြီးမားထည်ဝါတဲ့ ခြံကြီးရှေ့သို့ဖြည်းညှင်းစွာထိုးဆိုက်လာသောကားတစ်စီး။
ဟွန်းဂျယ် ကားပေါ်မှထိုအိမ်ကြီးကိုမျှော်ကြည့်ကာစိတ်လှုပ်ရှားမှုတို့အားသက်သာလိုသက်သာငြားအသက်ပြင်းပြင်းကိုအကြိမ်ကြိမ်ရှူရှိုက်လိုက်သည်။စိတ်လှုပ်ရှားမှုကြောင့်ဂနာမငြိမ်ဖြစ်နေမှုအားဖြေဖျောက်နေရသည်။
ထို့နောက်မှာတော့ကားပေါ်မှဆင်းကာခြံရှေ့နားသို့ ဟွန်းဂျယ်တစ်လှမ်းချင်းသာလျှောက်လာလိုက်သည်။ခြံထဲတွင်အပင်ရေလောင်းနေသောလူတစ်ယောက်ကိုတွေ့တာမို့ ဟွန်းဂျယ် လှမ်းခေါ်လိုက်သည်။" ဒီမှာဗျ "
ဟွန်းဂျယ်အသံကိုကြားတာနဲ့ထိုသူကခြံနားသို့အပြေးလာလေသည်။
" ဟုတ်ကဲ့ ဘာကိစ္စများရှိလို့လဲခမျ "
" ဒါ .. ဦးကောင်းမြတ်ရဲ့အိမ်ဟုတ်ပါတယ်နော် "
" ဟုတ်ပါတယ် ဦးကောင်းမြတ်အိမ်ပါ "
" ကျွန်တော် ဦးကောင်းမြတ်နဲ့တွေ့ချင်လို့ပါ "
ထိုသူကသူ့အားတစ်ချက်အကဲခတ်ကာ ခဏစောင့်ပါဟုပြောပြီးအိမ်ထဲဝင်သွားတာတွေ့ရသည်။
ခဏကြာတော့ထိုသူအိမ်ထဲမှပြန်ထွက်လာလေသည်။" ဝင်ပါဗျ "
ဝင်ခွင့်ရတာနဲ့ထိုသူဦးဆောင်ကာခေါ်သွားသောအိမ်ကြီးထဲသို့ ဟွန်းဂျယ်စိတ်လှုပ်ရှားစွာပင်လိုက်ခဲ့တော့သည်။
" ထိုင်ပါဗျ ... ဘဘကြီးကခဏနေဆင်းလာပါလိမ့်မယ် "
ထိုသူကသူ့အားဧည့်ခန်းမှာနေရာချပြီးပြန်ထွက်သွားသည်။နောက်တော့ကောင်မလေးတစ်ယောက်ကအအေးခွက်ကိုလာချပေးသည်။
သူ့အတွက်လာချပေးသောအအေးခွက်ကိုသာ ဟွန်းဂျယ်စိုက်ကြည့်လျက် စိတ်လှုပ်ရှားမှုတို့ကတစ်ဖန်အသက်ဝင်လာပြန်သည်။မကြာသောအချိန်မှာဘဲအိမ်ပေါ်မှ ဦးကောင်းမြတ်ဆင်းလာတာကိုသူလှမ်းတွေ့လိုက်ရသည်။
အစ်ကိုကောင်းမြတ်ကိုမြင်လိုက်ရတော့ဝမ်းနည်းဝမ်းသာစိတ်တွေရောပြွန်းလျက်ခံစားလိုက်ရသည်။မတွေ့ခဲ့တဲ့နှစ်တွေအတွင်းမှာအစ်ကိုကြီးကလုံးဝမပြောင်းလဲပေ။ဆံပင်အနည်းငယ်ကြိုးတို့ကြားတာဖြူလာရုံကလွဲအရင်လိုငြိမ်အေးပြီးတည်ငြိမ်တဲ့အသွင်ကိုဆောင်နေတုန်းပင်။