Dec 8th 2002,
" အစ်ကို မိုးရွာမလားမသိဘူးနော် ..."
မှိုင်းညို့နေသောကောင်ကင်ကြီးအောက် Hight way လမ်းတစ်နေရာတွင်ကားလေးတစ်စီးအပြေးနှင်နေသည်။
" ဆောင်းကို ကိုယ်ပြောပါတယ်မလိုက်ပါနဲ့ဆိုတာကိုဆောင်းရယ် .. "
ကိုယ်ဝန်လွယ်ထားရတဲ့ဇနီးသည်ကနေ့စေ့လစေ့ဖြစ်နေပေမဲ့သူအလုပ်ကိစ္စခရီးထွက်တိုင်းအမြဲလိုက်လေ့ရှိသည်။အခုလည်းကိုယ်ဝန်းကမွေးခါနီးဖွားခါနီးမို့စိတ်မချလို့ထားခဲ့မယ်ပြောတာကိုမရ။လိုက်မယ်ဟုဂျီကျသောကြောင့် ချစ်ရသူမျက်နှာလေးမကြည်ဖြစ်တာကိုမမြင်ရက်နိုင်တဲ့သူကပဲခေါ်ခဲ့ရခြင်း။အခုခရီးကအပြန်လမ်းမှာမိုးဆွေလေပီ။ထွက်လာတုန်းကမိုးသားကင်းစင်နေပေမဲ့ယခုမူ မတူတော့မိုးကောင်ကင်ဟာပြိုကျလုမတတ်မဲမှောင်နေလေပီ။ဆောင်းရာသီလည်းဖြစ်တာမို့ပိုတိုးလို့ပိတ်ပိတ်မှောင်နေသည်။
" အစ်ကိုကလည်း ဆောင်းကအားငယ်လို့ပါ .. အစ်ကိုကဘေးမှာရှိတော့ ဆောင်းအားရှိတာပေါ့ "
" ကိုယ်က ဆောင်းကိုစိတ်ပူလို့ပါကွာ.. "
တဖြည်းဖြည်းနဲ့မိုးဖွားလေးတွေကျရာမှသည်းထန်စွာရွာချတော့သည်။ဆောင်းတွင်းမို့မိုးမရွာဟုထင်ထားေသော်လည်းမိုးကသည်းသည်းမဲမဲရွာနေတာမို့ကားရှေ့ကိုပင်သည်းသည်းကွဲကွဲမမြင်ရတော့ပေ။
" မိုးကတဖြည်းဖြည်းပိုသည်းလာပီ ဆောင်း ... ဒီအတိုင်းဆိုကားမောင်းလို့အဆင်မပြေဘူး .. "
" ဘယ်လိုလုပ်မလဲအစ်ကို .. "
" ဖြည်းဖြည်းချင်းမောင်းကြည့်ရမှာပဲ .. "
" အာ့ "
" ဘာဖြစ်တာလဲ ဆောင်း .. "
" ဗိုက်က ဆစ်ကနဲ နားလာလို့ အစ်ကို "
" ဟာ ဒုက္ခပဲ မွေးများမွေးချင်နေတာလာမသိဘူး ဆောင်း .. "
"အာ့ .. မွေးဖို့ရက်မရောက်သေးဘူး အစ်ကို အား .. "
" ဆောင်း အဆင်ပြေရဲ့လား .. "
ဦးကောင်းမြတ်ကားကိုလည်းဂရုတစိုက်မောင်းနေရင်း မိန်းမဖြစ်သူကိုလည်းစိုးရိမ်ကြီးမေးနေမိသည်။