မနက်ခင်းဝေလီဝေလင်းမှုန်ပြပြအောက်ဝယ် ဆောင်းဟွန်း ချွေးတလုံးလုံးနဲ့အပြေးလေ့ကျင့်နေခြင်းဖြစ်သည်။အလုပ်များမအားလပ်တာမို့ Gym တို့ဘာတို့လည်းသူမသွားနိုင်။ဒါကြောင့်မနက်ခင်းအစောထကာပြေးသည့်အလေ့အကျင့်လေးတော့သူလုပ်ဖြစ်သည်။မဟုတ်ရင်လူကဘာကျန်းမာရေးမှမလိုက်စားတာကြောင့်အရင်လိုအမောမခံနိုင်။ပြေးနေကျအပတ်ရည်ပြည့်တာနဲ့သူ့အိမ်ရှေ့သို့တန်းရောက်သည်။အိမ်ထဲသို့ဝင်ကာကိုယ်လက်သန့်စင်ရေမိုးချိုးပီးကုမ္ပဏီသွားရခြင်းဖြစ်သည် ။ လူပျိုဘဝတုန်းကသူဒီလောက်ဝီရိယမရှိပေမဲ့ ယခု သူကလူပျိုမဟုတ်တော့ အိမ်ထောင်သည်ဖြစ်နေပီမို့ပြင်သင့်သည့်အကျင့်စရိုက်တွေသူပြင်ရမည်။ ဒီထက်ပိုပီး သူရင့်ကျက်မှရမည်။
ဝေလီဝေလင်းဖြစ်တာမို့ ဆောနူကတော့မနိုးသေး။ဆောင်းတွင်စလည်းဖြစ်တာမို့ပိုတောင်ဆိုးအုံးမည် ။ဆောနူအကျင့်တစ်ခုက ဆောင်းရာသီဆိုအိပ်ယာထရမှာပျင်းခြင်းပင်။ဒါပေမဲ့ ငယ်ငယ်ကလို ဆောနူကို အတင်းကာရောမနှိုးဖြစ်တော့တာကတော့ပြောင်းလဲသွားတဲ့ ဆောင်းဟွန်းရဲ့အကျင့်တစ်ခုပေါ့။ ဒီနေ့တော့အလုပ်နားရက်မဟုတ်ပေမဲ့ အိမ်မှာပဲအလုပ်လုပ်ဖို့တွေးထားသည်။တတိယနှစ်အဝေးသင်ပြောင်းပီးနောက်ပိုင်းသူလည်းကုမ္ပဏီမှာအခြေကျလာပီဖြစ်သည်။ဖေဖေတောင်တခါတလေမှ ကုမ္ပဏီကိုလာတော့သည်။ဖေဖေကသူ့အား ကုမ္ပဏီကိုအပီးပိုင်လွှဲပြောင်းပေးခဲ့ပီဖြစ်သည်။
ဒီလအတောအတွင်းခရီးထွက်ရတဲ့နေရာတွေများသွားတာမို့ဒီနေ့တော့လုပ်ရမည့်အလုပ်ကိစ္စတွေကိုအိမ်မှာအနားယူရင်းလုပ်ဖို့စိတ်ကူးထားခြင်းဖြစ်သည်။ရေမိုးချိုးပြင်ဆင်ပီးတာနဲ့ Laptop တစ်လုံးနဲ့ ခြံထဲကခုံလေးတွင်အလုပ်လုပ်နေရသည်။အိမ်မှာအိမ်အကူမရှိတာမို့စားဖို့သောက်ဖို့ကအနည်းငယ်တော့ခက်ခဲသည်။မေမေတို့ကတခါတလေလာပို့ပေမဲ့ ကိုယ်ကလည်းအလုပ်သွား ဆောနူကလည်းကျောင်းသွားနဲ့စားစရာတွေကအိမ်မှာအလကားဖြစ်ပီးကျန်ခဲ့တတ်တာမို့ နောက်ပိုင်းမပို့ခိုင်းဖြစ်တော့။စားစရာမရှိရင် မေမေတို့အိမ်မှာသာသွားဝင်စားလိုက်သည်။အိမ်ချင်းလည်းနီးတာမို့အဆင်ပြေတယ်ပြောရမည်။အခုတော့ကိုာ့်ဘာကိုကော်ဖီဖျော်ကာခြံထဲတွင်အလုပ်ထဲသာခါင်းစိုက်ရတော့ုံည်။