ကိုကိုကြီးရဲ့ " မေမေနေမကောင်းဘူးမင်းပြန်လာမှရမယ် " ဆိုတဲ့ ဆက်သွယ်လာမှုကြောင့်ဟွန်းဂျယ်ပြင်ဦးလွင်သို့ခဏတာသွားရသည်။ပြင်ဦးလွင်ရောက်တော့ မေမေ့ကို အင်္ဂလန်ဆေးရုံသို့တင်ထားရကြောင်းသတင်းပါးလာတာ ကြောင့် ဟွန်းဂျယ် အင်္ဂလန်သို့တဖန်ထပ်သွားရပြန်သည်။
ဆေးရုံကုတင်ထက် ဖျော့တော့ပိန်လီစွာလဲလျောင်းနေသောမေ့မေ့အားတွေ့လိုက်ချိန်မှာ ဟွန်းဂျယ်ရင်ထဲနာကျင်အောင့်မျက်သွားရသည်။တစ်ချိန်က အရှိန်အဝါတောက်ပစွာဖြင့်ဩဇာအာဏာရှိခဲ့သော မေမေ။ ကျက်သရေရှိလှစွာလှပတင့်တယ်ခဲ့သောမေမေ။ထိုသို့ပြည့်စုံခြင်းတွေနဲ့ပြည့်စုံခဲ့သောမေမေသည် ဟွန်းဂျယ်နဲ့မတွေ့ရတဲ့အချိန်အတွင်းမှာမယုံနိုင်အောင်ပြောင်းလဲသွားခဲ့သည်။
အောက်ဆီဂျင်ပိုက်တပ်ထားသောမေမေသည် ကုတင်ထက်မှသူ့အားဖျော့တာ့စွာကြည့်နေသည်။လက်လှမ်းကာ သူ့အားခါ်သည်။ဟွန်းဂျယ် ဆေးပိုက်တို့ရှိနေသော မေမေ့လက်ကလေးအားလှမ်းကိုင်လိုက်သည်။ဖေဖေရောကိုကိုကြီးရော မေမေ့နားမှာရှိနေကြသည်။
" သားငယ် "
မေမေ့အသံက ဖျော့တော့တိုးတိမ်လျက်
" မေမေ "
" သားငယ် ရောက်လာပီလား "
မေမေ့စကားတွေသည်မောသံစွက်နေလေသည်။စိတ်မကောင်းစွာကြားသိခဲ့ရသည်က ဒီအချိန်ကမေမေ့ရဲ့နောက်ဆူံအချိန်တဲ့လေ။ယူကျုံးမရခြင်းတို့ ဟွန်းဂျယ်ရင်ထဲပြည့်သိပ်စွာဝင်လာခဲ့သည်။
" သားရောက်ပီ မေမေ "
" သားကို မေမေမှာစရာရှိလို့စောင့်နေတာ "
မေမေကစကားပြောရင်းချောင်းဆိုးလာသည်။
" မေမေ မောနေလိမ့်မယ် စကားတွေအများကြီးမပြောပါနဲ့နော် "
မေမေကဖြည်းလေစွယခေါင်းရမ်းသည်။
" မေမေ့နောက်ဆုံးအချိန်ရောက်နေပီ သားငယ် မေမေသားငယ်ကိုမှာစရာတွေရှိတယ် "
ဟွန်းဂျယ် မေမေ့ကိုကြည့်ကာနာကျင်ဝမ်းနည်းလာရသည်။မေမေရဲ့ကျန်းမာရေးကို ဟွန်းဂျယ်တစ်လျိန်လုံမသိခဲ့ရ။သိရတဲ့အချိန်မှာတော့အရမ်းကိုနောက်ကျနေပီဖြစ်သည်။
မေမေက ကိုကိုကြီးကိုတစ်ချက်လှမ်းကြည့်သည်။